Friday, September 8, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာမူဘာရက်(ခ်) အမ် အေ အလက်ဝါနီကို လက်ခံတွေ့ဆုံ

 


နေပြည်တော် စက်တင်ဘာ ၇

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံ သံအမတ်ကြီး မစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်အလုပ်သမား အစရှိသောကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်သွားရေးနှင့်လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အထူးသဖြင့် အာဆီယံ- အာရပ် ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment