ပုသိမ် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးစီးကျင်းပသည့် ဒေသအကျိုးပြုသုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင် ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်
ပညာရေးညီလာခံမှထွက်ပေါ်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်
လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသအကျိုးပြုသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်များ၊
လုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး တာဝန်ရှိသူများနှင့်အတူ
ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး
လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်၍
သုတေသနလုပ်ငန်းများအား စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ဈေးကွက်သုတေသနနှင့်
ထုတ်ကုန်သုတေသနများဖြင့် ဒေသအကျိုးပြု သုတေသနများဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ်
ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများဆွေးနွေးသွားမှာဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေး၊
မွေးမြူရေး သုတေသနများအပြင် အကျိုးပြုပိုးများမွေးမြူထုတ်လုပ်ခြင်း၊ သီးနှံများအရည်အသွေးတိုးတက်စေရေးနှင့်
ပိုးမွှားအန္တရာယ်ကာကွယ်ရေးစသည့် သုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး
မြန်မြန်ထက်ထက်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖိုးတိုးတက်ရေးအတွက်လည်း
စားသောက်ကုန်များသန့်ရှင်းလတ်ဆက်စေရေး၊ ရေရှည်သိမ်းဆည်းထားနိုင်ရေး၊ ထုတ်ပိုးမှုစနစ်များ
ပိုမိုကောင်းမွန်စေရေး၊ ကျန်းမာရေးနှင့်အညီဖြစ်ရေး၊ ဒေသတွင်းဖူလုံရုံသာမက အခြားတိုင်းဒေသကြီးပြည်နယ်များနှင့်
ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး သုတေသနပြုဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ထို့ပြင်
(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းဆောင်ရွက်လျက်ရှိပြီး
ပီလောပီနံ ထုတ်ကုန်ကြမ်းများအား ကုန်ချောအဖြစ်အဆင့်မြှင်တင်ဆောင်ရွက်ခြင်း၊ ဘေးထွက်ပစ္စည်းများမှ
တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ရန်လိုပါကြောင်း၊ Gasifier လုပ်ငန်းသည်
တိုင်းဒေသကြီးတွင်ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ပိုမိုကောင်းမွန်သည့်နည်းပညာများနှင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆွေးနွေးဆောင်ရွက်ပေးစေလိုပါကြောင်း၊ တက္ကသိုလ်များအနေဖြင့်
ဒေသတွင်းလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်းထိတွေ့ချိတ်ဆက်၍ ဒေသအကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့
စာတမ်းများပြုစုနိုင်ရေး၊ သုတေသနလုပ်ငန်းများလက်တွေ့ဆောင်ရွက်နိုင်စေရေး၊ နည်းပညာများဖလှယ်နိုင်ရေးနှင့်
အကြံပြုဆွေးနွေးလေ့လာနိုင်ရေး လုပ်ငန်းရှင်များကလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊
MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့်
ဌာနများ၊ လုပ်ငန်းရှင်းများနှင့် တိုင်းဒေသကြီး၏ တက္ကသိုလ်(၉)ခုကိုအခြေခံသည့် သုတေသနရှင်များ၊
အသိပညာရှင်အတတ်ပညာရှင်များမှ အကြုံပြုဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများပေါ်ထွက်လာ၍
လက်တွေ့လုပ်ငန်းခွင်များတွင် အကျိုးရှိစွာအသုံးချနိုင်ပါစေကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က အလုပ်ရုံဆွေးနွေးပွဲရည်ရွယ်ချက်
အားရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အဆင့်မြင့်ပညာကဏ္ဍ တတိယတာဝန်ဖြစ်သည့်
ဒေသတွင်းချိတ်ဆက်လုပ်ဆောင်ခြင်း (Community Engagement)၊ ARCCIနှင့် ပုသိမ်တက္ကသိုလ်တို့သုတေသနပြုလုပ်ငန်းများ
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီးအတွက် ပုသိမ်တက္ကသိုလ်မှပြုလုပ်မည့် ထုတ်ကုန်ပစ္စည်းများသုတေသန၊
ဈေးကွက်သုတေသနနှင့် ဒေသအကျိုးပြုသုတေသနများအကြောင်းဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ ဝိဇ္ဇာ/
သိပ္ပံ တက္ကသိုလ်ဘာသာရပ်ဌာနများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသအကျိုးပြုသုတေသနလုပ်ငန်းများနှင့်ပတ်သက်၍
ပုသိမ်တက္ကသိုလ်အနေဖြင့်စပါး၊ အုန်းသီး၊ ငါး၊ ပုစွန်၊ ပီလောပီနံ၊ ဝါး၊ မတ်ပဲ၊ ငှက်ပျော၊
သပြုသီးတွင်ပါရှိသည့် ဓါတုပါဝင်ပစ္စည်းများလေ့လာခြင်း၊ ဇီဝမြေဩဇာ၊ ငဝန်မြစ်ရေကြီးခြင်းဘေးအန္တရာယ်အကြောင်းလေ့လာခြင်း၊
ရွှေသောင်ယံနှင့် မော်တင်ဒေသရှိ ကမ်းရိုးတန်းများ၏ ဘူမိအနေအထားကိုလေ့လာခြင်း၊
Grade-12 ကျောင်းသား/သူများအား ဘာသာရပ်စွမ်းရည် မြှင့်တင်ပေးခြင်း၊သာသနိကအဆောက်အဦး၊
ရှေးဟောင်းသမိုင်းဝင်နေရာ၊ Gasifier ၊ IP Law အစရှိသည့် သုတေသနလုပ်ငန်း (၃၀) ခုအားလည်းကောင်း၊
ဟင်္သာတတက္ကသိုလ်အ နေဖြင့် နေကြာဆီအကျိုးအာနိသင်အကြောင်း၊ ငါးနှင့်စွန့်ပစ္စည်းများမှ
ငါးအမိုင်နိုအက်စစ်ထုတ်လုပ်ခြင်းနှင့် လက်တွေ့အသုံးပြုခြင်း၊ ပီေလာပီနံမှ စေးပစ်ဂလူးကိုစ်အရည်၊
အမှုန့်ထုတ်လုပ်ရရှိခြင်းအားလည်းကောင်း၊ မအူပင်တက္ကသိုလ်အနေဖြင့် အကျိုးပြု Lady
Beetle မွေးမြူခြင်း၊ သဘာဝစွန့်ပစ်ပစ္စည်းများမှ တန်ဖို့မြှင့်ပစ္စည်းများထုတ်လုပ်ခြင်း၊
လတ်ဆက်သောအသီးများမှ ဝိုင်ထုတ်လုပ်ခြင်းစသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသအကျိုးပြု
သုတေသနများအကြောင်းအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် ဘာသာရပ်ဌာနများမှ
Gasifier ရေစစ်ကန်၊ Solar Cell နည်းပညာနှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများအတွက်
စဉ်းစားသင့်သည့်အချက်များနှင့် ပတ်သက်၍ နည်းပညာတက္ကသိုလ် (ပုသိမ်) အနေဖြင့်
Gasifier ရေစစ်ကန်အကြောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ) အနေဖြင့် Gasifier အမျိုးအစားများအကြောင်း၊
နည်းပညာ တက္ကသိုလ် (မအူပင်) အနေဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများအတွက် စဉ်းစားသင့်သည့်အချက်များအကြောင်း၊ နည်းပညာတက္ကသိုလ်
(ဟင်္သာတ) အနေဖြင့် Solar Cell နည်းပညာဖြင့် လျှပ်စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်မှု
အကြောင်းအားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်ဘာသာရပ်ဌာနများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
နည်းပညာသုတေသနများနှင့်ပတ်သက်၍ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) မှ ပုသိမ်လမ်းညွှန်မှသည်
MSMEs လုပ်ငန်းများသို့အကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်) မှ Ayeyar Farming
Solution Application အကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှIoT and It's Smart
Applications for Regional Development အကြောင်းအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး
တက်ရောက်လာကြသူများမှ သိရှိလိုသည်များဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုတင်ပြခဲ့ကြပြီး
ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များအား
အကျဉ်းချုပ်တင်ပြဆောင်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး
ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)




No comments:
Post a Comment