နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ် ကြီး၌ ယနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည်
ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊
မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့
ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင်
အခြား ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊
တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်၍ ကြည်ညို သဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့်
အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနှစ်ရက် သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ
သုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာ အဖြစ် ကျွေးမွေးလှူဒါန်းကြသည်။
မာရဝိဇယ
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များနှင့်
သက်ကြီးဘိုးဘွားများအား ကျန်းမာ ရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက
လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သံဃာတော်များ၊
မသန် စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်
အတွက် Buggy များဖြင့် စနစ်တကျ ပို့ဆောင်ပေးသည်။
အဆိုပါ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူများ
အသက်သာဆုံးဖြစ်စေရေးအတွက် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊
စက်တင်ဘာ ၄ ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့်
အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊
ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင်ယဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း
ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ်
နံနက် ၆ နာရီမှ ည ၈ နာရီ အတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။












No comments:
Post a Comment