နေပြည်တော် စက်တင်ဘာ ၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာ သပြေဝ ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်
ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ရှင်းလင်းဆောင်၌ ဓာတ်အားပေးစက်ရုံဆိုင်ရာ
အချက်အလက်များ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုနှင့်
ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်
ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏
ညွှန်ကြားချက်နှင့်အညီ စက်ရုံအသစ်များ တည်ဆောက်ခြင်းမပြုနိုင်မီ ကာလတွင် လက်ရှိတည်ဆောက်ပြီး
စက်ရုံ၊ အလုပ်ရုံများကို ပြုပြင်ထိန်းသိမ်းပြီး စွမ်းအားပြည့်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့်
နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ကူညီဖြည့်ဆည်းနိုင် မည်ဖြစ်သဖြင့်
ရေရှည်လည်ပတ် ဆောင်ရွက်သွားနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားရန်နှင့် စက်များချို့ယွင်းမှုရှိပါက
အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေး စက်အရန်ပစ္စည်းများကို စနစ်တကျ စုဆောင်းထားရန်မှာကြားပြီး
ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့်
ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
စီးပွားဖြစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်ခဲ့
အဆိုပါ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်ဓာတ်အားပေးစက်ရုံသည်
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဘဲလင်းဒေသတွင်တည်ရှိပြီး
Independent Power Producer (IPP), Build-Operate-Own (BOO) စနစ်ဖြင့် PowerGen
Kyaukse Co.,Ltd. က ၂၀၁၈ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ်
ဖေဖော်ဝါရီလတွင် စီးပွားဖြစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ
၁၄၇ ဒသမ ၇၆ မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ ကီလို ဝပ်နာရီ သန်းပေါင်း ၁၀၂၀ သန်းကို
နိုင်ငံတော် ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အား ခွဲရုံမှတစ်ဆင့် ဓာတ်အားများချိတ်ဆက်ပို့လွှတ်
ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး
သာစည်မြို့နယ် သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd. ၏ သပြေဝ ၃၀ မဂ္ဂါဝပ်
နေရောင်ခြည်စွမ်း အင်သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက သပြေဝ
နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီသပြေဝ ပင်မဓာတ်အားခွဲရုံအကြား
ချိတ်ဆက်ထားသည့် ဗို့အားမြင့်ဓာတ်အားလိုင်း သတ်မှတ်နယ်နိမိတ် အတွင်းလူနေအိမ်များ၊ အဆောက်အအုံများ၊
ကျူးကျော်များရှိမလာစေရေး ကန့်သတ်နယ်နိမိတ်ကို သိရှိလိုက်နာစေရေး ဆောင်ရွက်သွားရန်၊
ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုအနည်းဆုံး ဖြစ်သည့်အတွက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်သွားရန်၊
စက်ရုံဝန်းကျင်ရှိ ကျေးရွာများတွင် လူမှုရေးတာဝန်သိတတ်မှု (CSR) လုပ်ငန်းများကို စဉ်ဆက်မပြတ်
ဆက်လက်ဆောင်ရွက်ပေးသွားရန် မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည် စွမ်းအင်ကိုအသုံးပြု၍
နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း
Tracking System အသုံး ပြုပြီး Solar Pannal များ တပ်ဆင်ထားမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဖြန့်ဖြူးလျက်ရှိ
မိတ္ထီလာ သပြေဝ ၃၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သပြေဝကျေးရွာအနီးတွင် Clean
Power Energy (CPE) Co.,Ltd. က BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း
၇၀ ဒသမ ၅၉၉ သန်း ထုတ်လုပ်ပေး နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော လျှပ်စစ်ဓာတ် အားများကို
33 KV Double Circuit Overhead Line ဖြင့် သပြေဝပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံ
တော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment