နေပြည်တော် ဩဂုတ် ၆
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ်ရှိ ဝဇိရာနန္တ သုဗောဓာရုံ ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဇေယျဝတီကျောင်းတိုက်၊ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ပွန် ဇေတဝန်ကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကြာကန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက စိန်ရွှေဖူးကျောင်းတိုက်နှင့် လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်ရှိ ဥက္ကံသာရာ မရွှေကျောင်း ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ဇမျှားကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာ စည်မြို့နယ်ရှိ စန္ဒိမာရာမ ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေ မြို့နယ်ရှိ ဆုထူးပန်ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဇလဲကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ စိတ္တသုခ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန်ရှိ သူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment