ရန်ကုန် ဩဂုတ် ၁
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်းကားခဲ့သည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီး
တွင် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆို လပြည့် (ဓမ္မစကြာအခါတော်နေ့)
အခမ်းအနားများကို ယနေ့ နံနက် ၉ နာရီမှစတင်၍ စေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊
ဦးစွာ
ရွှေတိဂုံစေတီတော်မြတ် ကြီးအား အရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ပွဲကို စေတီတော် ရင်ပြင်
ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်
တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ
နှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ ဝင်များတက်ရောက်၍ စေတီ တော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊
ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်၊၊
ထို့နောက်
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌
ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဘာသာရေးဝတ်
အသင်းအဖွဲ့များကစိန်ရောင်ခြည် ဘုရားပင့် ဂါထာတော်ဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊
နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊
ဓမ္မစကြာ အမွှန်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်း အမျှဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များသည်
စေတီတော်ရင်ပြင် အထက်ပစ္စယာရှိပတ္တမြားမျက်ရှင်ဘုရား အာရုံခံတန်ဆောင်းမုခ်ရှိ ကကုသန္ဓ၊
ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူ ပူဇော်ကြပြီး
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားကြသည်၊၊
ဆက်လက်၍
ဝါဆိုလပြည့် သီလခံယူခြင်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ ရေစက်ချ အနုမောဒနာ အခမ်းအနားကို
ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်
ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ
ဇောတိကဓဇတိပိဋကဓရပါဠိ ပါရဂူ ဘဒ္ဒန္တနာဂိတထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက
ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက်
ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြပြီး ဂေါပကအဖွဲ့ဝင်များနှင့်
အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရွှေပြည်သာ ကျောင်းတိုက်ဆရာတော်
ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာ တရား နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းလောင်း
အမျှပေးဝေကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်၊၊
အလားတူ
မဟာဝိဇယစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော်ဦးစေတီတော်၊ သီရိ မင်္ဂလာ ကမ္ဘာအေးစေတီတော်၊
ဆူးလေစေတီတော်၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရွှေဘုန်းပွင့်စေတီတော်၊ လောကချမ်းသာ
အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက် တော်ကြီးဘုရား)၊ မယ်လမု စေတီတော်၊ ငါးထပ်ကြီးဘုရား၊
ခြောက်ထပ်ကြီးဘုရားတို့၌လည်း သက်ဆိုင်ရာစေတီတော်ဂေါပက အဖွဲ့ဝင်များကကြီးမှူး၍ ဝါဆိုလပြည့်
(ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြပြီး စေတီတော်များရှိ ဗုဒ္ဓရုပ်ပွားတော်
မြတ်များအား ဝါဆိုရွှေကြာ သင်္ကန်းတော်များကို ဆက်ကပ် လှူဒါန်းပူဇော်ကြသည်၊၊
ထို့ပြင်
ဒဂုံမြို့နယ်ရှိ သမိုင်းဝင် မဟာဓမ္မရံသီအိမ်တော်ရာ စေတီ တော်မြတ်ကြီး ဝါတွင်းဥပုသ်
သီတင်းသီလ ခံယူဆောက်တည်ပွဲကို အဆိုပါစေတီတော်မြတ်ကြီး အတွင်းရှိ ရတနာ့ဗိမာန်တော်ကြီး၌
ကျင်းပပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ လှူဒါန်းမှုအစုစု
တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်၊၊

No comments:
Post a Comment