ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို ဖတ်ရှု့လေ့လာနိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာတွင် ကျောက်စာရုံစေတီ ၇၂၀ ဆူကို စနစ်တကျတည်ဆောက်ထားရှိပါသည်။ ကျောက်စာရုံစေတီ တစ်ဆူချင်း၏အတွင်းတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးထားသော ကျောက်စာ ၂ ချပ်စီအား လေ့လာဖတ်ရှု့နိုင်စေရေး ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထိုးပူဇော်ထားရှိပါသည်။
ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင်
စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ
ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင်ပညာရှင်များမှ ခေတ်မီစက်ပစ္စည်းကိရိယာများ
အသုံးပြု၍ စနစ်တကျတည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီ ၇၂၀ ဆူအားရှု့ထောင့်ပေါင်းစုံမှ
သပ္ပါယ်စွာဖြင့် ယခုလိုကြည်နူးစွာ ဖူးမြော်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊
ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆
ရက်နေ့အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ
အခမဲ့ဝင်ရောက်ဖူးမြော်ချိန်၌ ကျောက်စာရုံစေတီတော်များ၏ တရားတော်များနှင့် ဗိသုကာလက်ရာ၊
အင်ဂျင်နီယာ ပညာရပ်များကို ဖူးမြော်လေ့လာနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍
အသိပေးနှိုးဆော်အပ် ပါသည်။

No comments:
Post a Comment