၂။ ထိုသို့ကြေညာရာတွင် အခြားသောအီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှု စနစ်များဖြင့် လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။
၃။ လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့်ဖွင့်လှစ်ထားသည့်အကောင့်သို့ လှူဒါန်းမှု ပြုနိုင်ရေး ကြေညာထားပြီး ဖုန်းနံပါတ်ဖြင့်လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား QR ဖြင့် လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
၄။ KBZ Pay ၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အားရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက် နိုင်ပါသည်။
၅။ ယခုအခါ ပြည်သူများလှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး ပြည်သူများ အသုံးပြုမှု များပြားသည့် CB Pay ၊ AYA Pay၊ OK $ ၊ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-









No comments:
Post a Comment