နေပြည်တော်၊
၂၀၂၃ ဇူလိုင် - ၁၅
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီး ဖြစ်သည်။
ထိုသို့
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်နှင့်
ဂုံးချွိန်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တစ်လုံးဘုရားတို့၌ နယ်မြေခံ
တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်း
သန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊
မဟာဗောဓိတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဘာသအား ဖူးမြော် ကြည်ညိုပြီး
စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ
ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့၊ ပြည်သူ့ဆေးရုံဝင်းအတွင်း/အပြင်၌
နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများ
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး
ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ်ထားရှိသည့် Oxygen စက်ရုံသို့သွားရောက်ကြည့်ရှုရာ စက်ရုံလည်ပတ်နေမှု
အခြေအနေများအား တာဝန်ရှိသူများ က ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ
ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ နယ်မြေခံ တပ်မတော်သားများနှင့်
ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေပြီး
သဇင်ခန်းမ၌ပြုလုပ်သော ပလက်ဝ - ဇိုရမ်ပူ လမ်းစီမံကိန်း ကုမ္ပဏီအဖွဲ့များမှ ထောက်ပံ့သည့်
ကျောင်းဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှုလက်မှု အထက်တန်းကျောင်းသို့သွားရောက်၍ သင်တန်းသားများ စာသင်ကြားနေမှုများကို
သွးရောက် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း
ဆောင်ရွက်ပေးသည်။
အလားတူ
စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ပြန်လည် ထူထောင်ရေးကိစ္စရပ်များနှင့်
မြို့သန့်ရှင်းသာယာလှပရေး တို့အတွက် ဆွေးနွေးကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ
ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ပညာရည်ချွန်ဆုပေးပွဲသို့တက်ရောက်၍
ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အလားတူ
ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်နေသည့်
လူနာများအတွက် တစ်နေ့တာအာဟာရအလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့အတူ
မောင်တောမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သော
ကျေးရွာများ၌ မျိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့
တက်ရောက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကညင်တန်းရပ်ကွက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးအတွင်းရှိ
ထောက်ပံ့ပစ္စည်းများ သိုလှောင်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပစ္စည်းများနှင့်ပတ်သက်၍
လိုအပ်သည်များမှာကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ
နတ်မြစ်အနီး ကမ်းနားလမ်းတစ်လျှောက် ဒီရေတောများ ပိုမိုများပြားလာစေရန်နှင့် လေဒဏ်၊
လှိုင်းဒဏ်ပိုမို ကာကွယ်နိုင်စေရန် တက်ချောင်းနှင့် နတ်မြစ်ဝဆုံရာ ကမ်းနားလမ်းတစ်လျှောက်၌
သမဲ့၊ သမဲ့ကြီးနှင့် သမဲ့ကြက်တက်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment