၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။
ထိုသိုကြေညာရာတွင် အခြားသော အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်
လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။
၃။
လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့် ဖွင့်လှစ်ထားသည့်အကောင့်သို လှူဒါန်းမှုပြုနိုင်ရေး
ကြေညာထားပြီး ဖုန်းနံပါတ်ဖြင့်လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား
QR ဖြင့် လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
၄။
KBZ Pay ၊ Wave Money တိုဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave
Money တို၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ
ဆောင်ရွက် နိုင်ပါသည်။
၅။
ယခုအခါ ပြည်သူများ လှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး ပြည်သူများ အသုံးပြုမှု
များပြားသည့် CB Pay ၊ AYA Pay၊ OK $ ၊ UAB pay နှင့် Citizens Pay တိုဖြင့်လည်း လှူဒါန်းနိုင်ရေး
ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍
လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၆။
လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-
.jpg)

No comments:
Post a Comment