နေပြည်တော် ဇူလိုင် ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency – CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ဖွံ့ဖြိုးမှု မျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့် ညီလာခံနှင့် ရှမန်မြို့၌ ကျင်းပသည့် “၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၁ ရက်
နံနက်ပိုင်းက ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ်
အဆင့်မြင့် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့်အတူ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ Mr. Han Zhengကို တွေ့ဆုံခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင် နိုင်ငံအဖြစ်
ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာလုပ်ငန်း
စဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတ
နိုင်ငံ၏ ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သည့် အထူးစီးပွားရေးဇုန် ၄ ခု တွင် ၁ ခု အပါအဝင်ဖြစ်သည့်
ရှမန်မြို့ရှိ BRICS အဖွဲ့၏ ခေတ်သစ်စက်မှုတော်လှန်ပုံစံ ပြောင်းလဲရေးဗဟိုဌာန (BRICS Partnership on New Industrial Revolution
Innovation Center) ပြခန်းသို့ သွားရောက်
လေ့လာခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမန်မြို့ရှိ Xiamen
International Conference Center Hotel တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏
အရည်အသွေးမြင့်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (2023 Seminar on High-Quality Development of Marine Economy) ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ရှမန်မြို့တော်ဝန် Mr. Huang Wenhui ၊
တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(CIDCA) ၏ ဒုတိယ ဥက္ကဋ္ဌ Mr. ZHONG Haidong နှင့် ရှမန်ဒုတိယမြို့တော်ဝန် Mr. Zhuang Rongliang တို့နှင့်အတူ
Seminar ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမန်မြို့ရှိ
KING LONG လူစီးဘတ်စ်ကား နှင့်လျှပ်စစ်ဘတ်စ်ကား မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့
သွားရောက် လေ့လာခဲ့ပြီး ထုတ်လုပ်မှု၊ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုအခြေအနေနှင့်
ရင်းနှီးမြှုပ်နှံမှု အလားအလာများ ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
UNESCO စာရင်းဝင် Kulangsu ကျွန်းသို့ သွားရောက်ပြီး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းရာ ဒေသနှင့်ပြတိုက်များကို ကြည့်ရှုလေ့လာပြီး မွန်းလွဲပိုင်းတွင် KELONG
လျှပ်စစ်သုံးပစ္စည်း ကိရိယာများ ထုတ်လုပ်မှုကုမ္ပဏီ၏
UPS ကြီးများ ထုတ်လုပ်မှု၊ ဒေတာစင်တာ (Data Center) သုံးပစ္စည်းများနှင့် လျှပ်စစ်ကားအားသွင်းစက်
(EV Charger) များ ထုတ်လုပ်သော စက်ရုံသို့ သွားရောက်လေ့လာကာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု အလားလာများကို ဆွေးနွေးပြီး ညနေပိုင်းတွင် ရှမန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာ
ကောလိပ်သို့ သွားရောက်လေ့လာသည်။
ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
ရှမန်မြို့၊ Bio Medical Research နှင့် Xiamen Cardiovascular Hospital Xiamen
University ရှိ နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါကုဌာနသို့ သွားရောက်လေ့လာ၍ ဆေးပညာဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
ကိစ္စများကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှမန်မြို့မှ
Xiamen လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့
ယနေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံမှူးကြီး Ms. Cao Jing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment