Wednesday, April 5, 2023

ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် ဧပြီ ၄

တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲခေါင်းစဉ်ခုနစ်ခုလျာထား

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးနှင့်ဆက်နွှယ်သော ဝန်ကြီးဌာနများပူးပေါင်း၍ ဆွေးနွေးပွဲခေါင်းစဉ် ခုနစ်ခုဖြင့် ပညာရေးညီလာခံ(၂၀၂၃)ကို ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း၊ မတ် ၂၉ ရက်က ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ဆွေးနွေးပွဲတွင် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များညှိနှိုင်း၍ ဆွေးနွေးပွဲခေါင်းစဉ် ခုနစ်ခုကိုလျာထားခဲ့ကြောင်း၊ အနာဂတ်ပညာရေးကောင်းမွန်ရန် စီစဉ်ဆောင်ရွက် ခြင်းဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ၏ တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာကြီး ဆရာမကြီးများအပြင် အငြိမ်းစားပညာရှင် များကိုပါ ဖိတ်ကြား၍ ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းကာအောင်မြင်အောင် ကျင်းပဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကိုကြီးကြပ်‌ ဆောင်ရွက်ရန်ဖြစ်ကြောင်း။

ပုသိမ်တက္ကသိုလ်တွင် အဏုဇီဝဗေဒဘာသာရပ်ဆိုင်ရာ ပညာရပ်သင်တန်းဖွင့်လှစ်မည်ဖြစ်ရာလုပ်ငန်းများ အောင်မြင်ရေးအတွက် ပူးပေါင်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လာမည့်မေလတွင် Grade-9 နှင့် Grade-12 စနစ်သစ် သင်ရိုးသစ်ဘာသာရပ် ဗဟိုအဆင့်နည်းပြသင်တန်းကို ကျင်းပမည်ဖြစ်ရာ သင်ရိုးသစ်ပါဝင်ရေးဆွဲခဲ့သော ပါမောက္ခကြီးများပို့ချမည်ဖြစ်ပြီး တက္ကသိုလ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ တက်ရောက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ ဆရာမ များကို ၁၀ ရက်ကြာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့ဌာနအလိုက်၊ လုပ်ငန်းများအလိုက် Data အချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကြီးငယ်မဟူ အချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် နွေးနွေးထွေးထွေးဆက်ဆံ၍ ပညာရေးလုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ဆောက်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပညာရေး ညီလာခံဆွေးနွေးပွဲခေါင်းစဉ် မူကြမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ကျောင်းအားလုံးတွင် ကျောင်းဥပဓိရုပ်များ ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ရေးနှင့် ကျောင်းများတွင် စာပေပညာသာမက ကာယပညာလုပ်ငန်းစဉ်များကိုလည်း ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက စာမေးပွဲမှန်သမျှ အလွန်အရေးကြီးသည့် လျှို့ဝှက်ကိစ္စဖြစ်သဖြင့် ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment