Tuesday, April 4, 2023

ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 


နေပြည်တော် ဧပြီ ၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် သိန်း ၁၅၀ ကျော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်သည်။

ထိုနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment