နေပြည်တော် ဖေဖော်ဝါရီ ၂၂
အခန်းအနားသို့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊
ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ECI စီမံချက်အလိုက်
တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်းများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒ (၂၀၁၄)ပါ
မဟာဗျူဟာ (၃) အရဆောင်ရွက်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့်
ပြန်လည်ထူထောင်ရေးဆိုင်ရာ ECI ရှေ့ပြေးစီမံချက် နယ်မြေ(၄)ခုတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀
ပြည့်နှစ်အထိ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို
ဆွေးနွေးရန်ဖြစ်ကြောင်း၊ ECI ဆိုင်ရာ အသိပညာပေးခြင်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပင်မ အထောက်အကူပြုဗဟိုဌာနနှင့်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ECI
ဆိုင်ရာမိဘအသိပညာပေးသင်တန်းများကို Online သင်တန်းနှင့် In- person သင်တန်းတို့ ဖွင့်လှစ်နိုင်ခဲ့သည့်အပြင်
နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် သဇင်လှကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်
ပဒံရပ်ကွက်တို့ တွင် အသက်ခြောက်လမှ ငါးနှစ်အရွယ် ကလေး ၂၆၆ ဦး တို့ကို ဖွံ့ဖြိုးမှုတိုင်းတာစစ်ဆေးနိုင်ခဲ့ပြီး
လက်ရှိအချိန် အထိ ECI ဆန်းစစ်ပြီးသော ကလေးဦးရေမှာ ၇၇၀၂ ဦးအထိ ရှိပါကြောင်း။
ECI လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍
မိမိတို့တတ်နိုင်သမျှ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစားအကြံပြုပြီး
ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန်နှင့် ECI သင်တန်းများရရှိခဲ့ပြီး နည်းပြအဖြစ်ဆောင်ရွက်
နိုင်ခြေရှိသူများဖြင့် နောင်လာမည့် ECCD သင်တန်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများရေးဆွဲခြင်း၊
ToT သင်တန်းများပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပြီး မိမိတို့ မူလတန်းကြိုကျောင်းများ၊
ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများနှင့် ပရဟိတဂေဟာများတွင်
အသိပညာ ပေးခြင်းနှင့် ECI ဆန်းစစ်ခြင်းတို့ကို စီမံချက်ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲနှင့် သင်တန်းတို့မှာ ဘာသာရပ်များ စနစ်တကျရေးဆွဲပြီး
ရှေ့လုပ်ငန်းစဉ်များကို ရလဒ်ကောင်းများရရှိအောင် အတတ်နိုင်ဆုံး ဝိုင်းဝန်းကြိုးပမ်း
ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုး မှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့်
ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး
ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဘာသာရပ် ဆိုင်ရာ ဝန်ထမ်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment