နေပြည်တော် ဇန်နဝါရီ ၂
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍
ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊
ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး
ဒို့အရေး၊ အကြမ်းဖက်အားပေးပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG ၊ CRPH ၊ PDF အလိုမရှိ၊
အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား
အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ် စသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်၍ ပိုစတာများ၊
ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment