Wednesday, January 11, 2023

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်သိမ်းဆည်းရမိ

 


နေပြည်တော် ဇန်နဝါရီ ၁၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့ စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂ ရက် မှ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၉၉ ဒသမ၂၅၈၀ တန်၊ သစ်မာ ၇၁ ဒသမ ၅၈၈၄ တန်၊ အခြား ၂၄ ဒသမ ၀၄၈၉ တန် စုစုပေါင်း ၁၉၄ ဒသမ ၈၉၅၃ တန်၊ ယာဉ်/ ယန္တရား ၂၃ စီး၊ တရားခံ ၁၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment