၂၀၂၂ ကုန်ဆုံး၍ ၂၀၂၃ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦး အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး/ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ချမ်းမြေ့သာယာ ဝဖြိုးသောသုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ
၁။ သဗ္ဗပါပဿ အကရဏံ- မကောင်းသော အကုသိုလ်တရားတို့မှ ကင်းစင်သော မြန်မာနိုင်ငံ သူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။
၂။ ကုသလဿဥပသမ္ပဒါ-ကောင်းသောကုသိုလ် တရားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများဖြစ်ကြ ပါစေ။
၃။ သစိတ္တပရိယောဒပနံ - ဖြူစင် မြင့်မြတ်သော စိတ်ထားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။
၄။ ဧတံ ဗုဒ္ဓါနသာသနံ - လောက၌ အတုမရှိသော အသန့်ရှင်းဆုံးသော မြတ်ဗုဒ္ဓ၏ ဓမ္မဩဝါဒ အဆုံး အမအောက်၌ ကောင်းကျိုးများထွန်းတောက်သော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်၊
သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။
အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား
ဟူ၍ မြတ်ဗုဒ္ဓ၏ တရားတော်အတိုင်း ပွားများအားထုတ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။
No comments:
Post a Comment