Wednesday, January 11, 2023

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇန်နဝါရီ ၁၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်နှင့် အပျိုဆောင်များ၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိရပ်ကွက်များရှိ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများကို ရင်းနှီးစွာတွေ့ဆုံ၍ လူပျိုဆောင်ရှေ့ မျက်နှာစာ လမ်းတစ်ဖက်ရှိ ချုံနွယ်များနှင့် အမှိုက်များကို ရှင်းလင်းရန်၊ ရေချိုးခန်းနှင့် အိမ်သာများကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ရန်၊ လူပျိုဆောင်များတွင် ည ၁၀ နာရီနောက်ပိုင်းနှင့် အပျိုဆောင်များတွင် ည ၉ နာရီနောက်ပိုင်း အဆောင်တံခါးများပိတ်ရန်၊ အိမ်ရာနှင့်အဆောင်များတွင် ဧည့်သည်များရှိက ဧည့်စာရင်းတိုင်ကြားရန်၊ ဧည့်သည်များမှတ်ပုံတင်စာအုပ်ထားရှိရန်၊ တိုက်တာဝန်ခံ/ဒုတိယ တိုက်တာဝန်ခံများတွင် နေထိုင်သူများစာရင်း ပြုစုထားရှိရန်၊ လျှပ်စစ်မီးဂရုပြုသုံးစွဲရန်နှင့် လျှပ်စစ် ပလပ်ပေါက်များ ကောင်း/မကောင်း စစ်ဆေးပြီး မကောင်းကပြုပြင်ထားရန်၊ တိုက်ပတ်ဝန်းကျင်/ အဆောင်ပတ်ဝန်းကျင်များကို ချုံနွယ်ပိတ်ပေါင်း၊ အမှိုက်သရိုက်သန့်ရှင်းရေးများ အမြဲပြုလုပ်ရန်နှင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရန်၊ ခြံစည်းရိုးနှင့် ပလက်ဖောင်းကြားရှိအပင်များအား ရှင်းလင်းထားရန်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ထားရန်၊ နေပြည်တော်စည်ပင်သာ ယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်တို့ကို မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment