နေပြည်တော် ဇန်နဝါရီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်တွင်
တက်ရောက်ပညာသင်ယူနေကြသည့် အနာဂတ်နိုင်ငံတော်အတွက်အားထားရမည့် ဆရာ၊ ဆရာမ လျောင်းလျာ
သင်တန်းသား ၊ သင်တန်းသူများကို ယခုလိုတွေ့ဆုံရသည့်အတွက်
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးအကြီးဆုံးအခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုကတည်းက မိမိတို့ကိုယ်တိုင် ထူးချွန်သော၊
အသင်အပြကောင်းမွန်သော ဆရာ၊ ဆရာမများဖြစ်လာအောင် ရည်မှန်းကြိုးစားကြစေလိုပါကြောင်း၊
မိမိတို့တာဝန်ထမ်းဆောင်ရသည့်အခါ သင်ကြားပို့ချရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ
ပြန်လည်သင်ကြားပို့ချနိုင်ရေး ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ တာဝန်ထမ်းဆောင်သည့်အခါ
ကျောင်းသား၊ ကျောင်းသူများကို ဆင်းရဲခြင်း၊ ချမ်းသာခြင်း စသည့် မည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲ
အမှန်တကယ်ပညာတတ်အောင် ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက်ပညာရေးမိသားစုအချင်းချင်း
မေတ္တာထား၍ ကိုယ်ချင်းစာတရားများဖြင့် အပြန်အလှန်လေးစားစွာ ဆက်ဆံဆောင်ရွက်ကြစေလိုပါကြောင်း၊
စေတနာဖြူစင်ပြီး ရိုးသားကြိုးစားသည့်နှလုံးလှသော ဆရာ၊ ဆရာမများဖြစ်အောင်ကြိုးစားကြစေလိုပါကြောင်း၊
နိုင်ငံအတွက်အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းသမီးမွန်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးစေလိုပါကြောင်း
တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့်
ကျောင်းသား၊ ကျောင်းသူများက လိုအပ်ချက်များနှင့် သိရှိလိုသည်များကိုမေးမြန်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ ကျောင်းအတွက်လိုအပ်သည်များကို ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊
ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ မြစ်ကြီးနားတက္ကသိုလ်
ပါမောက္ခချုပ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်
ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပထမနှစ်၊ ပထမနှစ်ဝက် (၂၀၂၂)သင်တန်းသား၊ သင်တန်းသူများ၊
ပထမနှစ်၊ ဒုတိယနှစ်ဝက်(၂၀၂၀) သင်တန်းသား၊ သင်တန်းသူများနှင့် ဒုတိယနှစ်၊ ပထမနှစ်ဝက်(၂၀၁၉)
သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၀၂ ဦး တက်ရောက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့
အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ အဆောက်အအုံပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊
စာသင်ဆောင်၊ စာသင်ခန်းများနှင့် တည်ဆောက်ဆဲအဆောက်အအုံအသစ်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ
ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment