နေပြည်တော် ဇန်နဝါရီ ၃
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၃၂) အစည်းအဝေး ခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား တွင် ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဂုဏ်ယူဖွယ်ရာကောင်းကြောင်း၊ (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ အောင်မြင်အောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် နေကြသည့် ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်စွာဖြင့် အဖွဲ့အစည်း နှင့် ပါဝင်ဆောင်ရွက်ရာတွင်ရရှိသည့် အတွေ့အကြုံကောင်းများ၊ အလေ့အကျင့်ကောင်းများကို ရယူ၍ နိုင်ငံ့တာဝန်ကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးအတူတကွ လက်ဖက်ရည်ပွဲ သုံးဆောင်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment