Friday, December 16, 2022

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 


နေပြည်တော်  ဒီဇင်ဘာ  ၁၅

ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က ကြီးမှူး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ _ ၂၀၂၂ ကို အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့ရှိ Omni Sho-reham Hotel ဒီဇင်ဘာ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ရာမြန်မာ နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုယ်စား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီ  တာဝန်ခံ ဦးသက်ဝင်း  ဦးဆောင်သည့် ကိုယ်စားလှယ် သုံးဦး တက်ရောက်ခဲ့သည်။

ညီလာခံတွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Mr. Jake Sullivan မော်ဒိုဗာသမ္မတနိုင်ငံ သမ္မတ H.E. Ms. Maia Sandu U.S. Agency for International Development (USAID)    အကြီးအကဲ  Ms. Samantha Power Transpar-ency  International  အဖွဲ့၏ ဥက္ကဋ္ဌ Ms. Delia Ferreira Rubio အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Gary Kalman အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံကောင်စီဥက္ကဋ္ဌ Ms. Huguette Labelle တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညီလာခံသို့  နိုင်ငံ ၁၄၀ ကျော်မှ အစိုးရကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ  Ms. DunjaMijatovic IMF UNDP စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့များ/ ကော်မရှင်များမှ  ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သုတေသီများ၊ သတင်းထောက်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ် ကျောင်းသားများ တက်ရောက် ခဲ့ကြသည်။

ညီလာခံတွင် ကိုယ်ကျိုးစီးပွား ဦးစားပေးစနစ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှု မျက်မြင်သက်သေများကို  အကာအကွယ်ပေးခြင်း၊ စဉ်ဆက် မပြတ်  ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်စေရန်  ဘဏ္ဍာရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုရှိရေး ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုမှ တစ်ဆင့်အဂတိလိုက်စားမှုများကို  တိုက်ဖျက်ခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များအား စည်းရုံးခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့်မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို  ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင်လည်း  ပါဝင်လက်မှတ်ရေးထိုးထားပြီး ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး  အဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ မဟာဗျူဟာများ၊ လုပ်ငန်းဧရိယာများ ချမှတ်ကာဆောင် ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment