Monday, December 12, 2022

တွံတေးခရိုင်၊ ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ဖွင့်ပွဲနှင့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းဖွင့်ပွဲပြုလုပ်


နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ဖွင့်ပွဲနှင့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသတင်းတန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ငါးလုပ်ငန်း(သိပ္ပံ)ကျောင်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ သင်တန်းကျောင်းခန်းမ၌ အမှာစကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျောင်းသစ်ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန် ရှိသူများက စာသင်ဆောင်များတွင် စာတွေ့လက်တွေ့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ထားရှိမှုနှင့် ငါးမွေးမြူရေးပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment