နေပြည်တော် ဒီဇင်ဘာ ၁၄
ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုး တက် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို သန့်ရှင်းရေး ပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံစဉ် တိုက် တွန်းမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ်
လျှပ်စစ်အင်ဂျင်နီယာများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ရဲရွာခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည်
လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသည့်
ဓာတ်အားလိုအပ်ချက်ကို ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို
အသုံးပြုပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား
အမြန်ဆုံးတိုးတက်ရရှိရေးကို စီမံ ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့၏
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အားသည် (၇၂၈၇)
မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအတွက်
ရေစုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အား လိုင်းတိုင်များ
ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ပို့လွှတ်မှုလျော့နည်းနေခြင်းတို့ကြောင့်
ထုတ်လုပ်မှုတွင် (၃၀၆၄) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အလိုက် သုံးစွဲမှုကိုအခြေခံ၍ ဝန်အားမျှတစွာ ဖြန့်ဝေပေးထားရကြောင်း၊ ၎င်းအပြင်
ထပ်မံ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့်ကာလများတွင်
ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲ
ဖျက်ဆီးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင်
ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား
သုံးစွဲမှုမမျှတ၍ လိုအပ်ချက်များရှိနေကြောင်း၊ ထိုလိုအပ်ချက်များကို
ပြည့်မီနိုင်ရန် တစ်ဖက် တွင် ဖျက်ဆီးခံရသော ဓာတ်အားလိုင်းတိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ
ဆောင်ရွက် လျက်ရှိသကဲ့သို့ စီမံဆောင်ရွက်ထားပြီးဖြစ်သော စီမံကိန်းအသစ်များကိုလည်း
သတ်မှတ် နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး
ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို
သုံးစွဲသူများထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူး
ရေးအပိုင်းတို့သည်လည်း အရေးပါလျက်ရှိကြောင်း။
သယ်ယူပို့ဆောင်ပေးနေသော
ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားချိန်၌
အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊
ဓာတ်အားခကောက်ခံခြင်း အပိုင်းတွင်လည်း နိုင်ငံတော်မှရရှိမည့် ဓာတ်အားခ
အခွန်အခများကိုလည်း အပြည့်အဝ ကောက်ခံရရှိရေး အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်း
ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား
အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့်ဘဏ္ဍာငွေများ
အပေါ်လေလွင့် ဆုံးရှုံးမှုမရှိစေရေး စနစ်တကျစိစစ်၍ စီမံကိန်းလုပ်ငန်းများအား
အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး
အလေးထားဆောင်ရွက် သွား ရန်လိုအပ်ကြောင်း မှာကြားသည်။
တွေ့ဆုံပွဲတွင်
ဦးစီးဌာန/လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်
ညွှန်ကြားရေးမှူးတို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိမှုနှင့် လျှပ်စစ်ဓာတ်အားခွဲဝေ
ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း
ဥက္ကဋ္ဌ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့်
တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာတို့က တိုင်းဒေသကြီး/ပြည်နယ်အလိုက်
ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက်
ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခ ကောက်ခံရရှိမှု၊ ဓာတ်အားလိုင်းနှင့်
ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်
ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အစီအမံများကိုလည်း ကောင်း
ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ဆွေးနွေး တင်ပြရာ
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment