နေပြည်တော် ဒီဇင်ဘာ ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘန်ကောက်မြို့ အခြေစိုက်ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင် မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံးတို့အကြားလက်ရှိနှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment