မြစ်ကြီးနား ဒီဇင်ဘာ ၁၁
ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒုတိယအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို
ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်
ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊
ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်
နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့်
သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း
ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့်
စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစားကွင်းအတွင်း လမ်းလျှောက်ပွဲတက်ရောက်လာသူများအတွက်
ပျော်ပွဲရွှင်ပွဲအဖြစ် ကစားပွဲများ ကျင်းပပြုလုပ်ပေးပြီး အိမ်အသုံးအဆောင်ပစ္စည်းများကို
ကံစမ်းမဲနှိုက်၍ ပေးအပ်ခဲ့ကြသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့
ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့အား
မြို့တော်အင်္ဂါရပ်နှင့် အညီသန့်ရှင်းသာယာလှပစေရေး မြို့တွင်းလမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး
ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အတွင်း
အစိုးရသစ်ပုံသွားလမ်း အရှည် ၁၂၃၀ ကျောက်ခင်းလမ်းအား ကတ္တရာခင်းပေးနိုင်ရေးနှင့်
လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးနိုင်ရေး
ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖမ်းဆီးရမိ သည့် သစ်များ စုပုံထားရှိမှု အခြေအနေအား
ကြည့်ရှုစစ်ဆေးကာ ပျက်ဆီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး နှင့်
လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်
အဆိုပါရပ်ကွက်အတွင်းရှိ ဇုံနယ်နှစ်ခြင်းသာသနာကျောင်းဝင်းအတွင်း အရှည် ၁၅၃၅ ပေရှိ
ကျောင်းဝင်းပတ်လမ်းအား ကတ္တရာခင်းခြင်းနှင့် လမ်းသားဖောက်လုပ်ပေးနိုင်ရေး
သိက္ခာတော် ရဆရာတော်များ၊ အသင်းသား/ အသင်းသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး
စီတာပူရပ် ကွက်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် နှစ်ခြင်းအသင်းတော်ကျောင်းသွားလမ်းနှင့်
တစ်ဆက်တစ်စပ် တည်းဖြစ်သော ပန်းလောင်း လမ်းအရှည် ၇၇၇ ပေ ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ်
အဆင့်မြှင့်တင်ခင်းကျင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားတက္ကသိုလ်ဝင်း သန့်ရှင်းသာယာလှပပြီး
ပန်းပင်များဖြင့် ဝေဆာစိမ်းလမ်းစိုပြေစေရေး မိန်းလမ်းမတစ်လျှောက် လမ်းလယ်ကျွန်းများတွင်
ရောင်စုံစက္ကူပန်းပင်များ စိုက်ပျိုးထားရှိမှု၊ ပန်းများပွင့်လမ်းနေမှုတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး မြစ်ကြီးနားမြို့အား
အစဉ်တစ်စိုက်သန့်ရှင်းသာယာပြီး ပန်းမြို့တော်ဖြစ်လာစေရေး တွေးတော ကြံဆ၍ မြို့၏
အဓိကနေရာများနှင့် လမ်းကြားများပါမကျန် အပိုင်းလိုက် စနစ်တကျ စီမံချက်ရေးဆွဲ
ဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း
သိသည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment