နေပြည်တော် ဒီဇင်ဘာ ၇
(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ဒီဇင်ဘာ ၈ ရက်တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် လည်းကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည်ဖြစ်ပြီး ညီလာခံအကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ကြသည်။ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ညီလာခံတွင်တင်သွင်းမည့် အဆိုပြုချက်ငါးခုနှင့်ပတ်သက်၍ ညီလာခံကိုယ်စားလှယ်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး အဖွဲ့အလိုက်ပါဝင်သင့်သော ပညာရှင် ကြီးများနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကိုရွေးချယ်၍ အုပ်စုငါးစုခွဲကာ အဆိုပြုချက် တစ်ခုချင်းစီအတွက် အုပ်စုအလိုက် ဆွေးနွေးကြကာ တင်ပြဆွေးနွေးမည့် ကိုယ်စားလှယ်များ ကို ရွေးချယ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ညီလာခံကိုယ်စားလှယ်တော်
၂၇၈ ဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညိုကြပြီး
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ကျင်းပသည့် (၂၁)
ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ
နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းဆေး
ပညာရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းဆေး မိသားစုများအနေဖြင့်
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင် မြန်မာမှု တစ်ဖက်လှခြံစည်းရိုး သုံးခန်းနှင့် စိန်တောင်စကျင်
ကနုတ်ပန်းတစ်ခုအတွက် အလှူတော်ငွေ ကျပ်သိန်းတစ်ရာကို လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကိုယ်စားလှယ်တော်ကြီးများနှင့်
တာဝန်ရှိသူများသည် အမျိုးသားပရဆေးဥယျာဉ် သို့ လေ့လာရေးခရီးစဉ်အဖြစ်ရောက်ရှိရာ ဥယျာဉ်တာဝန်ခံက
ရှားပါးတိုင်းရင်းဆေးပင် မျိုးစိတ် များ၏ မျိုးရင်းများကို ထိန်းသိမ်းထားရှိပုံနှင့်
ပရဆေးပင်များ စိုက်ပျိုးထိန်းသိမ်းထားရှိခြင်းများ ကို ရှင်းလင်းတင်ပြခဲ့ပြီး ကိုယ်စားလှယ်တော်ကြီးများက
အမျိုးသားပရဆေးဥယျာဉ်အတွင်း လှည့်လည်လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် ကိုယ်စားလှယ်တော်ကြီးများနှင့်
တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီတော်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ
ကပ်လှူပူဇော်ပြီးနောက် ရဋ္ဌနန္ဒက ရတနာဆင်ဖြူတော်အပါအဝင် ဆင်ဖြူတော်များနှင့် အဖော်ဆင်များထံ
သွားရောက်၍ အစာအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment