Wednesday, November 30, 2022

ငါန်းဇွန်မြို့နယ်၌ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာပေးထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ သိန်းကျပ်ထည့်ထားသည့် ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား PDF အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်

နေပြည်တော် နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာပေးထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ သိန်းကျပ်ထည့်ထားသည့် ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး၌ ယနေ့နံနက်ပိုင်းတွင် PDF အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့ ၂ ဦးသည် မြို့ သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျင် ငွေကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက် ၂ လုံးအား ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ်တင်ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်သမား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လမ်းအားပိတ်ရပ်ကာ မော်တော်ယာဉ်အားတားဆီးပြီး ဦးကောင်းဆက်သူ တို့ ၃ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁၇၆၀ ပါ ATM စက် ၂ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဓားပြတိုက် လုယက်ယူဆောင်သွားသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

No comments:

Post a Comment