Wednesday, November 30, 2022

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နှုတ်ခွန်းဆက် စကားများပြောကြားကြသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌ နှစ်ဦးက အစည်း အဝေးအစီအစဉ်အားအတည်ပြုကြပြီး အစည်းအဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment