မြစ်ကြီးနား စက်တင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ဝန်ထမ်းများဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ
ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့သည် ပြည်နယ်အတွင်းရှိ
အိမ်ထောင်စုလူဦးရေစာရင်းပုံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့်
ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှု အခြေအနေများ၊ သတ်မှတ်ထားသည့် လျာထားအိမ်ထောင်စုများ စာရင်းများ
ရာနှုန်းပြည့် ရေးသွင်းပြီးစီးမှု အခြေအနေများနှင့် မြေပြင်ရှိစာရင်းနှင့်
စိစစ်တိုက်ဆိုင်ရေးသွင်းနေမှု အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး
မေခခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊
ကချင်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊
ကျေးရွာများအလိုက် မြေပြင်စာရင်းနှင့် ရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းများ
စိစစ်တိုက်ဆိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းပုံ (၆၆/၆) ပါအချက်အလက်များအား Software Program ဖြင့်
ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းများ
စုဖွဲဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
လျာထားအိမ်ထောင်စုစာရင်းများ ရာနှုန်းပြည့် ရေးသွင်းပြီးစီးသော်လည်း
ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများ တိကျမှန်ကန် စေရေးအတွက် မြေပြင်စာရင်းနှင့်
စနစ်တကျ၊ သေချာစွာ စိစစ်တိုက်ဆိုင် ရေးသွင်းသွားရေးနှင့် လိုအပ်သည်များ
ပံ့ပိုးကူညီပေးနိုင်ရေး မေးမြန်းဆွေးနွေး မှာကြားကာ ဝန်ထမ်းများအတွက်
ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းပုံ (၆၆/၆)ပါ အချက်အလက် များအား Software Program ဖြင့်
ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်း လုပ်ငန်းများကို
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းဦးရေ
၁၀၀ ဖြင့် ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)နှင့်
မြို့နယ်စုပေါင်းရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ လျာထားအိမ်ထောင်စု
(၃)သိန်းနီးပါးကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင်
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ
မြေပြင်စာရင်းနှင့် ရုံးလက်ခံစာရင်းများကို စိစစ်တိုက်ဆိုင်
ရေးသွင်းလျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment