နေပြည်တော် စက်တင်ဘာ ၁၆
KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအနီးမှတစ်ဆင့် သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ယက်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ခိုအောင်းနေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရသိရှိရသဖြင့် ယနေ့တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့်ပို့ဆောင်၍ အလစ်အငိုက် ဝင်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့
ဝင်ရောက်စစ်ဆေးစဉ် KIA
လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမား
များက ကျေးရွာသူ၊ ကျေးရွာသားများကို လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်ယူ၍ နေအိမ်များနှင့်
ဘုန်းတော်ကြီးကျောင်းအတွင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်သမားများသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက် ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာ
နေရာတစ်ဝိုက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဆေးခန်းအတွင်းသိုဝှက်ထားသည့် လက်လုပ်မိုင်း ၁၆ လုံး၊
ရှော့တိုက်ပြောင်း ၇ ခု၊ လက်လုပ် DROP BOMB ၈ လုံးနှင့်
စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင်
KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက
ကျေးရွာသူ၊ ကျေးရွာသားများနှင့် နေအိမ်များအား လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်ယူ
ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရေးကြီးလူနာများကို နီးစပ်ရာ
ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်သမားများအနေဖြင့်
ကျေးရွာသူ၊ ကျေးရွာသားများ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ ကျေးရွာနေပြည်သူလူထု၏ နေအိမ်များအား
ယခုကဲ့သို့ အကာအကွယ် ရယူတိုက်ခိုက် ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ
စစ်ရာဇဝတ်မှုကျူးလွန်ရာ ရောက်ပြီး ထိုကဲ့သို့ ကျူးလွန်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ
ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်
ရှိသည်။
အလားတူ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာအနီး ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင်လည်း
PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိပြီး အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ကာ
ဒေသခံများအား ခြိမ်းခြောက်အကြမ်းဖက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း
အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိ ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက
ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့
စစ်ဆေးဆောင်ရွက်စဉ် PDF
အမည်ခံအကြမ်းဖက်သမား ၃၀ ဦးခန့်နှင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်သမားများအနေဖြင့် အနောက်ဘက်သို့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။
ဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက် ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်တွင်
PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးကို အသေဖမ်းဆီးရမိခဲ့ကာ လက်နက်၊ ခဲယမ်းများ
သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
.jpg)
.jpg)
.jpg)
No comments:
Post a Comment