နေပြည်တော် စက်တင်ဘာ ၁၆
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့(The South East Asian Central Banks-SEACEN Centre)၊ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS)နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်တို့မှ ကြီးမှူး၍ Hybrid Format (in person နှင့် virtual) ဖြင့် ကျင်းပသည့် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများဆွေးနွေးပွဲ (SEACEN-BIS High Level Seminar)ကို ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (21st SEACEN Executive Committee -EXCO Meeting) ကို ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် လည်းကောင်း ကျင်းပသည်။
ယမန်နေ့က
ကျင်းပသည့် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏
အဆင့်မြင့်အရာရှိများဆွေးနွေးပွဲ (SEACEN-BIS High Level Seminar)တွင် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha ၊ SEACEN
Centre ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ
Dr. Mangal Goswami နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ Chief Representative ဖြစ်သူ Mr.
Tao Zhang တို့က ကြိုဆိုနှုတ်ခွန်း
ဆက်စကားများပြောကြားကြသည်။
ထို့နောက်
ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ “Current Inflation Challenges facing the Global Economy
including Emerging and Frontier Markets” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ Stanford
University မှ စီးပွားရေးဌာန၏ ပါမောက္ခ
Mr. John Taylor ၊ ကမ္ဘာ့ဘဏ်မှ စီးပွားရေးဆိုင်ရာအမှုဆောင်အရာရှိချုပ် Mr. M. Ayhan Kose ၊ Total
Portfolio Management, GIC Pte Ltd မှ
စီးပွားရေးဆိုင်ရာပညာရှင် Mr.
Prakash Kannan ၊ အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်၏
ဒုတိယဥက္ကဋ္ဌ Mr. Dody Budi
Waluyo နှင့် ဗီယက်နမ် နိုင်ငံဗဟိုဘဏ်၏
ဒုတိယဥက္ကဋ္ဌ Mr. Pham
Thanh Ha
တို့က ဆွေးနွေး ပြောကြားကြပြီး၊ Hoover Institution မှ Visiting
Fellow ဖြစ်သူ Mr. Andrew Filardo က Moderator
အဖြစ် ဆောင်ရွက်သည်။
ထို့နောက်
“Macro-Financial Stability Frameworks
for EMEs” ခေါင်းစဉ် နှင့်စပ်လျဉ်း၍
BIS
၏ Deputy General Manager ဖြစ်သူ Mr.
Luiz Pereira da Silva မှ Keynote Address ပြောကြားပါသည်။ ၎င်းနောက် “Macro-Financial Stability Frameworks in Asian EMEs” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာစာရင်း ရှင်းလင်းရေးဘဏ်မှ
အာရှပစိဖိတ်ဒေသအတွက် စီးပွားရေးနှင့် ငွေရေးကြေးရေးစျေးကွက်၏ အကြီးအမှူး Mr. Ilhyock Shim ကလည်းကောင်း၊ “The SEACEN Perspective on Challenges and Options in
Managing Capital Flows for Small, Open and Financially Integrated Economies” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ SEACEN Centre ၏ အမှုဆောင်ဒါရိုက်တာ
Dr. Mangal Goswami ကလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍
“Managing Macro-Financial Stability” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ
Mr. Francisco G. Dakila, Jr. ကလည်းကောင်း၊ ထိုင်းနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Ms. Vachira Arromdee ကလည်းကောင်း ဆွေးနွေး ပြောကြားကြပြီး၊ SEACEN အဖွဲ့ဝင်ဗဟိုဘဏ်(၁၉)ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာနှင့် အစည်းအဝေးတက်ရောက်လာသူများမှ ၎င်းတို့၏
အတွေ့အကြုံ အသိအမြင်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ယနေ့တွင်
(၂၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (21st SEACEN Executive Committee - EXCO
Meeting) ကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင်
လာမည့် ၂၀၂၃ ခုနှစ်တွင်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှု၊
SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိသည့် မဟာဗျုဟာမြောက် စီမံကိန်းများဆောင်ရွက်မှု၊
SEACEN စင်တာတွင် ဒါရိုက်တာများ ခန့်အပ်မှု၊ SEACEN အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်
External Auditor ခန့်အပ်မှုနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha တို့က တင်ပြဆွေးနွေးခဲ့ရာ SEACEN
အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြုံပြုဆွေးနွေးကာ လမ်းညွှန် မှုများ ပေးခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment