လွိုင်ကော် စက်တင်ဘာ ၁၄
ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ကယားပြည်နယ်
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများကြောင့်
ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရေးမျှော်မှန်းပြီး
ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများချမှတ်၍ အကောင်အထည်ဖော်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက်
ကျယ်ပြန့်စွာ အသိပညာပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းတို့ကို အဆင့်လိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာ
လုပ်ငန်းစဉ်များကိုလည်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊
လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၃၀)နှင့်အညီ အပြည့်အဝအကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့်လုပ်ငန်းစဉ်များ အောင်မြင်စေရန်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး
ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ(၂)ဦး၊
အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ယာဉ်အန္တရာယ်၊
လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မည့်
လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍
ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် ယာဉ်အန္တရာယ် ၊
လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ကယားပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးအကြံပြု တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)
No comments:
Post a Comment