နေပြည်တော် စက်တင်ဘာ ၁၆
ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏အကျိုးစီးပွားကို အကာအကွယ်ပေးရန်အရေးကြီးကြောင်း ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
Cyberspace Administration ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် 5th China- ASEAN Information Harbor Forum
သို့ပေးပို့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်
ပြည်ထောင်စုဝန်ကြီးက ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ မဟုတ်မမှန်သောသတင်းနှင့်
အမုန်းစကားများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများသည် ပိုမိုများပြားလာကြောင်း၊
ဖိုရမ်တွင် ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြရန် မျှော်လင့်ပါကြောင်း၊
ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အရေးကြီးသည့် အချက်အလက်များ ကာကွယ်ရေးကိစ္စရပ်သည်လည်း
ဤဖိုရမ်တွင် ဆွေးနွေးသင့်သော အရေးကြီးသည့် အကြောင်းအရာတစ်ခုဖြစ်ပါကြောင်းနှင့် အရေးပါသည့်
အခြေခံအဆောက်အဦ ကာကွယ်ခြင်းတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား
သတင်းအချက်အလက်များကို မျှဝေဖလှယ်နိုင်ပြီး ဒီဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့်
cyberspace စသည့် အမျိုးမျိုးသောနယ်ပယ်များတွင်
ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်သည့်
အရေးကြီးသော နေရာတစ်ခုဖြစ်လာကြောင်း၊ ဒီဂျစ်တယ်နည်းပညာနှင့် ဝန်ဆောင်မှုများသည် နယ်နိမိတ်ကန့်သတ်ချက်မရှိသော သဘောသဘာဝရှိသည့်အတွက် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း အကျိုးကျေးဇူးများကို
အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက်
ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ “ဒစ်ဂျစ်တယ်ပိုးလမ်းမအား
ပူးပေါင်းတည်ဆောက်ခြင်းဖြင့် မျှဝေခံစားနိုင်မည့် ဒီဂျစ်တယ်အနာဂတ်ဆီသို့” ဟူသည့် ယခုနှစ်ဖိုရမ်၏ဆောင်ပုဒ်သည် ယနေ့ အခြေအနေများနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း
ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအခြေအနေများနှင့်
ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး
အာဆီယံနှင့်မြန်မာနိုင်ငံအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား
တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုခိုင်မာသော
ပူးပေါင်းဆောင်ရွက်မှုကိုမျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊
အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေးနှင့် နှစ်ဦးနှစ်ဖက် မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရေးတို့အတွက် ပထမအကြိမ် China-
ASEAN Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို
၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို
၂၀၂၀ ခုနှစ်တွင်လည်းကောင်း ကျင်းပခဲ့ကြောင်းနှင့် အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကော်မရှင်များမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေး
ကဏ္ဍတွင် ထင်ရှားကျော်ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး
အာဆီယံနိုင်ငံများမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များက ဗွီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment