Tuesday, May 17, 2022

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ ပုံမှန် ပညာသင်နှစ်အတိုင်း ဖွင့်လှစ်

နေပြည်တော် မေ ၁၆

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ စတင်၍ ပုံမှန်ပညာသင်နှစ်ဝက် ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည် တက်ရောက်လျက် ရှိကြသည်။

ယခုကဲ့သို့ တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ရွာအခြေပြု ပြည်သူလူထု လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment