Monday, May 16, 2022

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကျင်းပရန် ငွေလှူဒါန်း

 

ရန်ကုန် မေ ၁၅

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး  ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ညီလာခံကျင်းပရန်အတွက် အလှူရှင်များက ငွေလှူဒါန်းကြရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) မိသားစုက အလှူငွေကျပ်နှစ်သိန်း၊ ဒေါက်တာမျိုးသန့်တင်၊ ကဗျာဆရာသူရဇော်-ခင် (တိုင်းရင်း မေ)စာပေမောင်နှံမိသားစု၊ပခုက္ကူစာပေဆုရ စာရေးဆရာ ဆွေဇင်ညွန့်၊ ဒေါ်မီမီကို (အလှရပ်ဝန်း) နှင့် သာကေတမြို့နယ် စာရေးဆရာအသင်းတို့က အလှူငွေကျပ်တစ်သိန်းစီ၊ ကွယ်လွန်သူဦးသန်းလှိုင် (တက္ကသိုလ်သင်္ခ) မိသားစုနှင့် မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အသင်းအတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များက လက်ခံရယူကြကြောင်းသိရသည်။  

သတင်းစဉ်

No comments:

Post a Comment