Tuesday, May 17, 2022

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်










ထားဝယ်  မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစား ကွင်း၌ကျင်းပရာရှေးဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုပြီးတန်းအပ်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကမိန့်ခွန်းပြောကြားရာ၌ မြို့နယ်ပေါင်းစုံ အသက်(၁၉) နှစ်အောက် ဘောလုံးပြိုင်ပွဲသည် နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်ဘောလုံးပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု က်ရွေးစင်အားကစားသမားများ ရွေးထုတ်နိုင်ရန်ဖြစ်သောကြောင့် တိုင်းဒေသကြီး  အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးအတွက် ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင်အောင်မြင်မှုမှာ (၂၀၁၈)ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၇)နှစ်အောက် ဘောလုံး ပြိုင်ပွဲမှာ ဒုတိယဆု၊အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ တတိယဆုနဲ့ အသက်(၂၁)နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့သောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်ထိုက်ထိုက်တန်တန်ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကနေအရည်အချင်းရှိ သောဘောလုံးအားကစား သမားများကိုစိစစ်ရွေးချယ်စခန်းသွင်းလေ့ကျင့်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဘောလုံးအားကစား သမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင်ကိုယ်စီ ကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့်အနိုင်မခံ အရှုံးမပေးသော အားကစား စိတ်ဓါတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ ဘောလုံးအားကစားသမားများအနေဖြင့် အရည် အချင်းပြည့်ဝသော တိုင်းဒေသကြီး ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်အောင်ကြိုးစား ယှဉ်ပြိုင်ကစားကြ ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအသင်းများက ပထမပွဲစဉ်အဖြစ်လောင်းလုံးအသင်းနှင့် ကျွန်းစုအသင်းတို့၏ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်ဒေါ်ပိုက်ပိုက်အေးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည်ရှုအားပေးရာ လောင်းလုံးအသင်းက (၃)ဂိုး(၀)ဂိုးဖြင့်အနိုင်ရရှိသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြို်ငပွဲဝင် အသင်း(၁၀)သင်းတို့က အုပ်စုများခွဲ၍ မေ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment