(၁၇-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊
ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား
COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး
(၁၆-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း
(၅,၄၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၀) ဦး တွေ့ရှိရပါသည်။
ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၇) ရာခိုင်နှုန်း
ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း
(၇,၈၂၈,၅၁၀)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၂,၅၆၅)
ဦး ရှိပြီဖြစ်ပါသည်။
ဓါတ်ခွဲအတည်ပြုလူနာများအား
နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ
ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၄၃) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်
ကောင်းမွန်လာသူ စုစုပေါင်း (၅၉၁,၃၄၇) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့်
သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါ သည်။
COVID-19 ရောဂါ
ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို
ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၆-၄-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း
(၂၈,၇၂၉,၃၃၀) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၃၇၇,၁၅၆) ဦး၊
ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၂,၃၅၂,၁၇၄) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ
(၁,၁၈၀,၃၁၆) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၆-၄-၂၀၂၂) ရက်နေ့ အထိ မြန်မာနိုင်ငံတွင်
COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၂,၂၆၁,၈၂၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနသည်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်လျက်ရှိ၍ ရောဂါဖြစ်ပွား/ သေဆုံးမှုများအား မျက်ခြေ မပြတ် စောင့်ကြည့်လျက်ရှိရာ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာ သုံးသပ်ကြည့်ရာတွင်
ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှု ကို ၇ ဆ
ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။
• ထို့ကြောင့်
ဦးတည်အုပ်စုများတွင် လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန်
လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်
ကာကွယ်ဆေးထိုးနှံထားရှိရန် လိုအပ်ပါသည်။
• ထို့အပြင် သွေးတိုး၊
နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက
ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးနိုင်ခြေ မြင့်မားခြင်းကြောင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်
အထူးလိုအပ်ပါသည်။
• နိုင်ငံတကာခရီးသွားကဏ္ဍတွင်လည်း
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူ ထားသူများအား ကမ္ဘာ့နိုင်ငံအများစုမှ
ကွာရန်တင်းဝင်ရောက်ရမှုမှ ဖြေလျော့ပေးခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြေလျော့ပေးခြင်းများစွာ
ဆောင်ရွက်လျက်ရှိပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနသည်
ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင်နေထိုင်သူများအပါ အဝင် မည်သူတစ်ဦးတစ်ယောက်မှမကျန်ရစေဘဲ
အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများစသည့်
ဦးတည် အုပ်စု အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍ ကာကွယ်ဆေး
မထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်
သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်း
နှိုးဆော်အပ်ပါသည်။
• ကိုဗစ်-၁၉ ရောဂါဆိုင်ရာ
သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ
www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment