နေပြည်တော် ဧပြီ ၁၉
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ တက္ကသိုလ်လူမှုရေးရာ ပူးပေါင်းဆောင်ရွက်မှုအသင်း (ထိုင်းနိုင်ငံ)(Association for University Social Engagement Thailand- EnT)၊ U2T အစီအစဉ်၊ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အီး-အာဆီယံ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (E-ASEAN Youth Volunteer Programme -E-AYVP) ကို ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်မှ ဇူလိုင် ၈ ရက်အထိ Online မှတစ်ဆင့် “ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျော့ပါးရေး (Community Development and Poverty Eradication)”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အီး-အာဆီယံ စေတနာ့ဝန်ထမ်းလူငယ် အစီအစဉ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ အပေါင်း(၃)နိုင်ငံများမှအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်၍ စေတနာ့ဝန်ထမ်း အတွေ့အကြုံ၊ ခေါင်းဆောင်မှုအတွေ့အကြုံနှင့် စွမ်းရည်ရှိပြီး ရပ်ရွာပြည်သူလူထုအတွက် ကူညီဆောင်ရွက်ပေးရန် စိတ်ပါဝင်စား၍ ရပ်ရွာအတွက်အကျိုးပြုမည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျော့ပါးရေးလုပ်ငန်း အစီအစဉ်များကို ရေးသား/ဆောင်ရွက်နိုင်သော အသက် (၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ပြီး အစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို Facebook စာမျက်နှာဖြစ်သည့် www.facebook.com/AYVPUKM သို့မဟုတ် www.ayvpukm.com.my တွင် ဝင်ရောက်ကြည့်ရှု၍ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက် နောက်ဆုံးထားကာ http://ayvpukm.com.my မှတစ်ဆင့် လျှောက်ထားနိုင်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက လူငယ်ရေးရာဦးစီးဌာန၊ တယ်လီဖုန်း အမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment