နေပြည်တော်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊
တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်
၄ လုံးအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၅ နှင့် အမျိုးသမီး
၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့
အကြမ်းဖက်မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ခင်ဌေးနှင့် ၎င်း၏မိသားစုဝင်များ ဖြစ်သည့်
သမီးဖြစ်သူ ဒေါ်မိကြွယ်(၄၅)နှစ် (ဘ)ဦးချစ်ပြား၊ သားမက်ဖြစ်သူ ဦးဖိုးဇော်(ခ) သူရဇော်
(ဘ)ဦးစိုးတင့်၊ မြေးဖြစ်သူ ခိုင်ထူး(၂၀)နှစ်၊ မခိုင်နွယ်ထွန်း(၁၅)နှစ်နှင့် မောင်အာဇာနည်(၁၀)နှစ်
(ကိုရင်ဝတ်)နှင့် ကိုမိုးဝင်းနှင့် ၎င်း၏မိသားစုဝင်များဖြစ်သည့် မိခင်ဖြစ်သူ ဒေါ်ညိုသေး(၆၀)နှစ်
(ဘ)ဦးမောင်ဟန်၊ ဇနီးဖြစ်သူ မစန္ဒာ(၃၂)နှစ်(ဘ)ဦးညိုမောင်၊ သားဖြစ်သူ မောင်မိုးဇက်(၁၄)နှစ်တို့
သေနတ်ထိမှန်ဒဏ်ရာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အခင်းဖြစ်စဉ်အတွင်း
ကိုမိုးမင်းနှင့် ဦးကျော်ရွှင်တို့မှာ အသက်အန္တရာယ်ဘေးမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။
ထိုကဲ့သို့
ကျေးရွာနေပြည်သူများအား အကြောက်တရားများ လွှမ်းမိုးစေရန်၊ ၎င်းတို့၏ အကြမ်းဖက်မှုလုပ်ရပ်များအပေါ်
ပူးပေါင်းပါဝင်လာစေရန်နှင့် ပူးပေါင်းပါဝင်မှုမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသော
ကျေးရွာနေပြည်သူများအား အကြောင်းအမျိုးမျိုးပြ၍ ရက်စက်စွာသတ်ဖြတ်၊ မီးရှို့ခြင်းများ
ကျူးလွန်သည့်အပြင် ယခုကဲ့သို့ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းနေအရွယ်နှင့်
ကိုရင်ဝတ်ကလေးသူငယ်များပါမကျန် ရက်စက်စွာ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား
ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍
လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment