နေပြည်တော် ဒီဇင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊
ကြာအင်းဆိပ်ကြီးမြို့နယ်၊ မင်္ဂလာရိပ်သာတော ရကျောင်း၊ မဏိရတနာကမ်းနားဘုန်းတော်ကြီးကျောင်း၊
ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း( ၁/က)စံပြရပ်ကွက်ရှိ ကံသုံးဆင့်ပရိယတ္တိ
စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ အောက်ဝါး နက်ချောင်း ကျေးရွာရှိ စံပယ်ခြံတပ်ဦး ကျောင်း
တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာ ကျောင်းတိုက်၊ ဖျာပုံမြို့ရှိ
ဝေဇယန္တာစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ပိဋကတ် ကျောင်း
မိုးထားကျောင်းတိုက်၊ ပြင်ဦးလွင်မြို့ရှိ ဓမ္မဝိပဿီကျောင်းတိုက်၊ မိုးညိုကျောင်း တိုက်၊
ဆင်ဖြူကန်ကျောင်း တိုက်နှင့် ခန္တီးကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာ တော်များနှင့်
သာသနာ နွယ်ဝင် သီလရှင်များ အတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ
အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်
လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်
ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment