Wednesday, December 8, 2021

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်



ဖျာပုံ    ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျီးနှစ်ပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု (၆) အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကို ယနေ့ နံနက်(၇)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက "ပြည်သူများ အမှန်တကယ် လိုအပ်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း၊ ကွင်းဆင်းဆောင်ရွက်ပေးသည့်အတွက် အထူးပင် ဂုဏ်ယူပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုကဲ့သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးခြင်းကြောင့် ရွေးကောက်ပွဲအချိန်ကာလများတွင် ဆန္ဒမဲပေးရာ၌ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း" ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျာပုံမြို့နယ်၊ ကျီးနှစ်ပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာ အုပ်စု (၆)အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၁၄)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၅)ခုအား ပြည်သူတစ်ဦးချင်းထံနှင့် ကျေးရွာအုပ်စုတာဝန်ခံကိုယ်စားလှယ် များထံသို့ ပေးအပ်ခဲ့သည်။ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရန် လျာထားမှု(၉၉၇၀)ဦး ရှိပြီး ဆောင်ရွက်ပြီး (၅၃၆၁)ဦးရှိရာ ပြီးစီးမှုမှာ(၅၃.၇၇) ရာခိုင်နှုန်းဖြစ်ကြောင်း ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်

No comments:

Post a Comment