နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်း ပကား မြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ အငြိမ်းစား
ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဉီးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး
မိုးအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများ နှင့်ဇနီးများ၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူး များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး
မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော် ဝင်ခြင်းနှင့် ပတ်သက်၍ နှုတ်ခွန်းဆက်စကား
ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြား ရာတွင်
အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုး
စီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် သည့်
ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏
ပိုင်နက်နယ်မြေနှင့် အမျိုးသားအကျိုး စီးပွားကို
ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်း ရေးနှင့် လုံခြုံရေးကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည်
တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများနှင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု တပ်မတော်ဖြစ်ပြီး
နိုင်ငံတော်အပေါ်ကျရောက်လာ နိုင်သည့် ပြည်တွင်းပြည်ပအန္တရာယ်များကို တားဆီး ကာကွယ်ရန်
အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေး
အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ )တပ်ဖွဲ့များသည်
ပြည်သူများနှင့် လက်တွဲပြီး အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်၍ ဆောင်ရွက်ခဲ့ကြကြောင်း။
ယနေ့မျက်မှောက်ခေတ်စစ်ပွဲများကိုကြည့်ပါက
လေကြောင်း စွမ်းအား၏ အရေးပါမှုကို တွေ့ရမည်ဖြစ် ကြောင်း၊ လေကြောင်းနှင့်အာကာသ စွမ်းအားသည်
ကမ္ဘာပေါ်တွင် မည်သည့်အချိန်အခါ နေရာဒေ သမရွေး ပစ်မှတ်ကိုတိုက်ခိုက်နိုင်သည်ကို ခေတ်သစ်စစ်ပွဲများတွင် လက်တွေ့ပြသနိုင် သည့်အတွက်
ယနေ့ခေတ်တွင် လေကြောင်း နှင့် အာကာသစွမ်းအား အယူအဆသည် ခိုင်မာလျက်ရှိကြောင်း၊ မြေပြင်၊ဝေဟင်နှင့်
ပင်လယ်ပြင်များတွင် စိုးမိုးနိုင်သလို အာကာသကိုလည်း စိုးမိုးနိုင်ရေး ဆက်လက် ကြိုးစားသွားရမည်ဖြစ် ကြောင်း။
ထို့ကြောင့် တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် များကို
အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဝယ်ယူ ဖြည့်တင်းခြင်း များဆောင်ရွက်ပေး သည့်အပြင်
သယ်ယူပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ် များနှင့် တိုက်ခိုက်ရေး
ရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်းနိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်စ ပိုင်နက် စိုးမိုးရေးကို
အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ်များကို အဆင့်မြှင့် တင်သည့်နေရာတွင်
စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက်ကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ် များအထိ မဟုတ်သော်လည်း ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် တိုက်လေယာဉ်
အဆင့်မျိုးအထိရရှိအောင် အဆင့်မြှင့်တင်ခြင်းများ၊
သုတေသနပြု ဆောင်ရွက်ခြင်း များ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
ခေတ်မီတပ်မတော်(လေ) ဖြစ်စေရေး တည်ဆောက်ရာတွင် လူသား
အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊
ထို့ကြောင့် လေသူရဲများ၊ စက်မှုလက်မှုစစ်သည်များ၏ လေ့ကျင့်ရေးစွမ်းရည် မြင့်မား လာစေရန်အတွက်
လေယာဉ်အမျိုးအစားအလိုက် Simulator များ တပ်ဆင်ပေးခြင်း၊
လေ့ကျင့်ရေးကျောင်းများကို အဆင့်မြှင့်တင်ခြင်းနှင့် လေကြောင်းစစ်ဆင်ရေးသင်တန်း ကျောင်းဖွင့်လှစ်
ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
လေယာဉ်/ရဟတ်ယာဉ်များ ပြင်ဆင်ထုတ်လုပ်ရန်အတွက်လည်း လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေးဌာန ချုပ်တွင်
ရဟတ်ယာဉ်များအား အကြီးစားပြင်ဆင်ခြင်းနှင့် တိုက်လေယာဉ်များ အဆင့်မြှင့်တင်နိုင်ရန်လို အပ်သည့်
စက်မှုလက်မှုဆိုင်ရာအဆောက် အဦများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ အဆောက်အဦများ၊ အလုပ်ရုံများကို
တည် ဆောက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(လေ)တွင် လိုအပ်သော မြေပြင် အထောက် အကူပစ္စည်း များဖြစ်သည့်
လေကြောင်းလမ်းညွှန်စက်များနှင့် စစ်ဆင်ရေး အထောက် အကူပြုရေဒါများကို တပ်ဆင်ပေးနိုင်ခဲ့သည့်အတွက်
မြန်မာ့ဝေဟင်ကို စောင့်ကြည့် ကာကွယ်နိုင်ခဲ့ကြောင်း၊ ခေတ်မီမိုးလေဝ သရေဒါများ ကိုလည်း
ဝယ်ယူဖြည့် တင်းပေး နိုင်ခဲ့သည့်အတွက် လေကြောင်းမိုးလေဝသဌာနခွဲများ
ထပ်မံတိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ကာ ပျံသန်းရေးအတွက် အရေးကြီးသည့်
ရာသီဉတုအခြေအနေများကို အချိန်နှင့်တပြေးညီ ရယူပေးနိုင်ခဲ့ကြောင်း။
တပ်မတော်(လေ)အနေဖြင့်
စွမ်းရည်မြင့်မားစွာ လှုပ်ရှားစစ်ဆင်နိုင်ပြီး နိုင်ငံတော် ၏ ဝေဟင်ပိုင်နက်ကို
စိုးမိုးထားနိုင်ရန်အတွက် ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များ၊ ပျံသန်းစစ်ကစားနိုင်သည့်
လေသူရဲများ ပိုင်ဆိုင်ရုံဖြင့် မပြည့်စုံနိုင်သည်ကို သိရှိထား ရမည်ဖြစ်ကြောင်း၊ စက်မှုလက်မှု၊
လေကြောင်းထိန်း၊ ရေဒါနှင့်မိုးလေဝသ စသည့် ကဏ္ဍအသီးသီးမှ အရာရှိ/စစ်သည်အားလုံး
စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် မှသာ စစ်ဆင်ရေးများကိုအောင်မြင်အောင်
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်း သည် တပ်တွင်းစည်းလုံး ညီညွတ်ရေး၏
အင်အားတစ်ရပ်ဖြစ် သည်ကို ပြသနေခြင်းပင်ဖြစ်ကြောင်း။
လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကိုပြောရမည်ဆိုပါက
နိုင်ငံတည်ငြိမ်အေးချမ်း မှုကို မလိုလားသည့် NUG ၊
CRPH ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည်
စာသင် ကျောင်းများနှင့် အစိုးရပိုင်အဆောက် အဦများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ အပြစ်မဲ့
ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို အန္တရာယ်ပေးခြင်းများ ဆောင်ရွက်နေ သည့်အပြင် တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန်နှင့်
တပ်မတော်နှင့် ပြည်သူသွေးကွဲ စေရန် လူမှုကွန်ရက်များ၊ ပြည်ဖျက်မီဒီယာများမှတစ်ဆင့်
မဟုတ်မမှန်သတင်းများနှင့် ဝါဒဖြန့်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေနှင့်လည်း
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေမှန်များ ကို သိရှိအောင်လေ့လာသွားကြရန်
နှင့် စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်း လုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊
စစ်ဆင်မှုနှင့် လေ့ကျင့်ခြင်းလုံခြုံရေးဆိုသည့် လုံ(၄)လုံကို အထူးသတိပြုဆောင်ရွက် ရန်လိုကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးကို
ဆောင်ရွက်ရာတွင် တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရမည့် စစ်သည်တော်ကျင့် ဝတ်များကို
တိတိကျကျ လိုက်နာကျင့်ကြံ ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အသီးသီး တို့သည်လည်း ခေါင်းဆောင်မှုအင်္ဂါရပ်
(၁၆)ရပ်ကို သေချာနားလည်အောင်လုပ်ဆောင်ပြီး
အဆင့်နှင့်လျော်ညီသည့် ခေါင်းဆောင်မှုပေးနိုင်ပါက တပ်တွင်းစည်းလုံးညီညွတ်မှုကို အမှန်တကယ်ရရှိမည်
ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးရရှိလာပါက
တပ်ပြင်စည်းလုံး ညီညွတ်ရေးကိုပါ အလွယ်တကူဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ တပ်ပြင် စည်းရုံးရေးဆောင်ရွက်ရာတွင်
လည်း စစ်သည်တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်ကြံနေ ထိုင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို
မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်
တပ်တွင်း/တပ်ပြင် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်အပေါ်
သစ္စာစောင့်သိပြီး ကောင်းမွန် သည့် စိတ်ရင်း စေတနာထားရှိကာ ကြိုးစားဆောင်ရွက် သွားရ
မည်ဖြစ်ကြောင်း။
ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့်
ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှအစွမ်းကုန်
ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ တပ်မတော်
နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး လက်တွဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စုပေါင်းညီညွတ်စွာဆောင်ရွက်
ခဲ့ကြသကဲ့သို့ ကိုဗစ်-၁၉ တတိယလှိုင်းကိုကျော်လွှားနိုင်ခဲ့သော်လည်း
အဆိုပါ ရောဂါ သည် ကမ္ဘာတွင် လုံးဝပျောက်ကင်း သွားရန်မှာ အချိန်ကာလတစ်ခုအထိကြာမြင့်မည်
ဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး၊ ကုသဆေး နှင့် အခြားလို အပ်သည့်ပစ္စည်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့်
လမ်းပန်း ဆက်သွယ် ရေးခက်ခဲသည့် တိုင်းရင်းသားဒေသများအထိ အချိန်မီရောက်ရှိအောင် ပို့ဆောင်
ပေးနိုင်ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုသည်ကို
ပြောကြားလိုကြောင်း။
တပ်မတော်(လေ)ကို ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက်
တန်ဖိုးကြီးသည့် လေယာဉ်/ရဟတ် ယာဉ်များ ဝယ်ယူဖြည့်တင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊
ထိုသို့ လေယာဉ်/ရဟတ်ယာဉ်များ ခေတ်မီလာသကဲ့သို့ ပျံသန်းမောင်းနှင်မည့်
လေသူရဲ၊ လေယာဉ်သား၊ စက်မှုလက်မှုအရာရှိ၊ စစ်သည်များ၏ အရည်အချင်း၊ အရည်အသွေး တိုးတက်လာရန်လိုအပ်ကြောင်း။
ထို့ကြောင့် “လေ့ကျင့်မှ
ကျွမ်းကျင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပိုမိုကြိုးစား
လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိကိုင်တွယ် မောင်းနှင်မည့် လေယာဉ်/ ရဟတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင် မည်ဖြစ်ပြီး ပေးအပ်လာသည့်
စစ်ဆင်ရေးတာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင် မည်ဖြစ် ကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုအရည်အသွေးကို
အမြဲထိန်းသိမ်းနိုင်ရန် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်မှုရှိအောင်လည်း
အမြဲထိန်းသိမ်း လေ့ကျင့်နေရန်ပြောကြားလိုကြောင်း။
တပ်မတော်(လေ)အနေဖြင့် လေကြောင်းစစ်ဆင်မှုပြုလုပ်ခြင်းများ၊ မြေပြင်/ ရေပြင်တပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်မှုများ၊ လေကြောင်းထောက်ပံ့မှု များ၊ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့မှုများကြောင့်
အောင်မြင်မှုများစွာရရှိခဲ့သည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး တပ်မတော်(လေ)အနေဖြင့် နိုင်ငံတကာနှင့် ဒေသ တွင်းနိုင်ငံများနှင့်
ရင်ပေါင်တန်းနိုင်ရန်အတွက် ယခုထက်ပိုပြီး ကြိုးစားအားထုတ်
သွားရန်မှာကြားလိုကြောင်း။
အနာဂတ်ကာလတွင် ဒေသတွင်းနှင့်
ကမ္ဘာ့နိုင်ငံတပ်မတော်များကို ရင်ပေါင် တန်းနိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော
ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် အရှိန်အဟုန်ဖြင့် ဆက်လက်တည် ဆောက်သွား ရမည်ဖြစ်
ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အ တွက် တပ်မတော် သည်အဓိက ကျကြောင်း၊
နိုင်ငံကိုဖြိုခွဲချင်သူများအနေဖြင့် အတိတ်၊ ပစ္စုပ္ပန်တို့တွင် တပ်မတော်ပြို ကွဲအောင် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်
တပ်ပြင်စည်းရုံးရေးတို့ကို အမြဲတည် ဆောက်နေရမည် ဖြစ်သည့်အပြင်
(ကြည်း/ရေ/လေ)
တပ်မတော်သား အားလုံးတို့ အနေဖြင့် သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်းလေ့ ကျင့်၊
အမြဲတမ်းစစ်ရေး သတိရှိပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရန် လိုအပ်ကြောင်း၊
တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ
ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန်
တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊
ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်က လေယာဉ်များ အား
တပ်တော်ဝင်အဖြစ် ကြေညာသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ်
(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်း အမှတ်
အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြု ခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများပြသကြရာ ဦးစွာ အချိန်ကိုက်ပျံသန်း အလေးပြုခြင်း အစီအစဉ်အရ သယ်ယူပို့ဆောင်ရေးရ ဟတ်ယာဉ် ၁ စီးက နိုင်ငံတော် အလံချိတ်ဆွဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စင်းက တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ အသီးသီးချိတ်ဆွဲလျက် (Composite Trail Formation) အတန်းလိုက် အုပ်ဖွဲ့ပုံ သဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ တပ်မတော်(လေ)မှ သုတေသနပြုထုတ် လုပ်ထား သော MTX-1A အမောင်းသင်လေယာဉ် ၁ စင်းနှင့် အပေါ့စားရဟတ်ယာဉ် ၂ စင်း တို့က (Composite Arrow Head Formation) မြားဦးပုံသဏ္ဍန် အုပ်ဖွဲ့ပျံသန်းပြီးနောက် အမောင်းသင်လေယာဉ်မှာ အုပ်ဖွဲ့မှခွဲထွက်၍ (Chandelle Maneuver) ခေါ် လေသူရဲ က တိကျပိုင်နိုင်စွာ ထိန်းချုပ်မောင်းနှင်ပြီး အနည်းဆုံး အကွာအဝေးအတွင်း လားရာ၏ ဆန့်ကျင့်ဘက် ၁၈၀ ဒီဂရီသို့ကွေ့၍ ပျံတက်ခြင်းနှင့် (Lazy Eight Maneuver) အင်္ဂလိပ် အက္ခရာ “8” ပုံသဏ္ဍာန်ပျံသန်း အလေးပြုသည်။
ဆက်လက်၍ Grob-120 TP အမောင်းသင် လေယာဉ် ၅ စင်းတို့က Arrow Head Formation ဖြင့် အုပ်ဖွဲ့ပျံသန်း ပြီးနောက် ရှုရပ်ရှေ့ဧည့်သည်တော်များ၏ မျက်နှာချင်းဆိုင်မှ Landing Light များဖွင့် ကာ အုပ်ဖွဲ့ပျံသန်းခြင်း၊ ATR-72 သယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စင်းနှင့် Beech-1900D သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်းတို့က (Composite Arrow Formation) မြှားဦးပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုကြသည်။
ယင်းနောက် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် ၅ စင်းတို့က နိုင်ငံတော်အလံ ကိုယ်စားပြုသည့် အဝါရောင်၊
အစိမ်းရောင်၊ အနီရောင် မီးခိုးများထုတ်လွှတ်၍ (Arrow Head Formation) မြှားဦးပုံသဏ္ဍာန်ပျံသန်းပြီးနောက်
၎င်းတိုက်လေယာဉ် ၅ စင်းတို့ ကရှုရပ်သို့ ဦးတည်ပျံသန်းပြီး လေယာဉ်သုံးစီးက Upward
Bomb Bust နှင့် လေယာဉ် ၂ စင်းက Cross Over ပြုလုပ်စွမ်းရည်ပြသခြင်း၊ တိုက်လေယာဉ် ၃
စင်းတို့က (Arrow Head Formation) မြှားဦးပုံသဏ္ဍာန်အုပ်ဖွဲ့ ပျံသန်းပြီးနောက်
(Formation Loop Maneuver) အုပ်ဖွဲ့ပျံသန်း အလေးပြုခြင်း၊ ဘက်စုံသုံး တိုက်လေယာဉ် ၆
စင်းတို့က Wedge Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီးနောက် ရှုရပ်သို့နောက်တစ်ကြိမ်
ဦးတည် ပျံသန်းပြီး တိုက်လေယာဉ် ၄ စင်းမှ အမြင့်သို့ ရုတ်တရက်ဆွဲတင်ခြင်း(Pull Up) ပြုလုပ်၍
အုပ်ဖွဲ့မှခွဲထွက်သွားပြီး ကျန် ၂ စင်းမှ တိုက်လေယာဉ်များ၏ အခြေခံလှုပ်ရှား စစ်ကစားမှုပုံစံများဖြစ်သည့်
(Basic Fighter Maneuver) ရှေ့မှပျံသန်းထွက်ပြေးရန် ကြိုးစားနေသော ရန်သူ့တိုက်လေယာဉ်အား
မိမိတိုက်လေယာဉ်မှ ကြားဖြတ်ဟန့်တား တိုက်ခိုက်ချေမှုန်းနိုင်ရန် အတွက် လက်နက်ပစ်လွှတ်တိုက်ခိုက်မှု
အကောင်းဆုံး အနေအထားရောက်ရှိအောင် နေရာယူလိုက်ပါပျံသန်း ခြင်း၊ ရန်သူ့တိုက်လေယာဉ်မှ
လည်း ကြားဖြတ်ဟန့်တားတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန် အတွက် (Derry Turn) ရုတ်တရက်
ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ကွေ့၍ ရှောင်တိမ်းပျံသန်းခြင်း၊ မိမိတိုက် လေယာဉ်မှ ဝေဟင်-ဝေဟင်
ကြားဖြတ်တိုက်ခိုက်မှု စစ်နည်းဗျူဟာတစ်ခုဖြစ်သော (Barrel Roll Attack) ပြောင်းရစ်ပုံသဏ္ဍာန်ဖြင့်
ရန်သူ့တိုက်လေယာဉ်နောက်သို့ အမြန်ဆုံး ချဉ်းကပ်ဝင်ရောက်ပျံသန်းပြီးနောက် လက်နက်ပစ်လွှတ်ရန်
ချိန်ရွယ်ပျံ သန်း ခြင်း၊ မိမိတိုက်လေယာဉ်မှ ရန်သူ့တိုက်လေယာဉ်အား HUD တွင် တိကျစွာချိန်ရွယ်
ထားရှိပြီး တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေမှုကို ပျံသန်းသရုပ်ပြခြင်း၊ ကြားဖြတ်
ဟန့်တား တိုက်ခိုက်ခံရသော ရန်သူတိုက်လေယာဉ်မှ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုကို ရှောင်ရှား
နိုင်ရန်အတွက် မီးကျည်(Flare)များ ပစ်လွှတ်ရှောင်တိမ်းသရုပ်ပြပျံသန်း ခြင်း၊ ဘက်စုံသုံး
တိုက်လေယာဉ်တစ်စီးက Box Formation ဖြင့် ဧည့်သည်တော် များ ရှေ့ကောင်းကင်ယံတွင် Formation
Brea (Deploy Flare)များ ပစ်လွှတ်၍ ဂုဏ်ပြု သရုပ်ပြပျံသန်းခြင်းများ ဆောင်ရွက်၍ လေယာဉ်မောင်းစွမ်းရည်များအား
ပြသကြ သည်။
ဆက်လက်၍ ဇီဝီတဒါနငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၇၄ ကောင်တို့အား ဘေးမဲ့လွှတ် ပေးကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့် ရှကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သောလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး
ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။
ယနေ့ကျင်းပပြုလုပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း
အခမ်းအနားတွင် ပါဝင်သည့် Yak – 130 လေယာဉ်နှင့် K-8 လေယာဉ်တို့သည် အမောင်းသင်ဂျက်တိုက်
လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ် အမျိုးအစား များဖြစ်ပြီး ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊
ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ် လေကြောင်းပစ် ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊
လက်နက်တပ်ဆင်ကင်းထောက် ခြင်းနှင့် လွှဲပြောင်းသင် တန်း ပို့ချခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊
ATR – 72 600 လေယာဉ် သည် အလတ်စား သယ်ယူပို့ဆောင်ရေး
လေယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ ခရီးသည် သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊
ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင် ကြောင်း၊ Y- 12 လေယာဉ်သည်
လူနှင့်ကုန်ပစ္စည်းများသယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင် ကင်းထောက်ခြင်း၊
ရှာဖွေကယ်ဆယ်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း၊ Eurocopter ရဟတ်ယာဉ်သည် အလတ်စားသယ်ယူပို့ဆောင်ရေး
ရဟတ်ယာဉ်အမျိုး အစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ် ယူပို့ဆောင်ရေး၊ ခရီးသည်သယ်ဆောင်ခြင်း၊
ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခြင်းစသည့် တာဝန်များကို ထမ်းဆောင်နိုင် မည်ဖြစ်သဖြင့် ယခုကဲ့သို့တပ်မတော်(လေ)၏
(၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တွင် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ခြင်းသည်
နိုင်ငံတော်နှင့် တပ်မတော် အတွက် များစွာအကျိုးရှိ မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment