Wednesday, December 15, 2021

၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 



ပုသိမ်    ဒီဇင်ဘာ    ၁၅

ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ စစ်ကြောင်းမှူး ဦးဆောင်ကာ ပြိုင်ပွဲဝင်အားကစားအသင်း(၂၆)သင်းနှင့် အုပ်ချုပ်သူများ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အလေးပြုခံစင်မြင့်တွင် အားကစားသမားများ၏ အလေးပြုခြင်း ကိုခံယူ၍ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်များကတော့ ကိုဗစ်-၁၉ ကာလမှာ ရပ်နားထားခဲ့ရတဲ့ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်ပြုလုပ်လာနိုင်စေဖို့၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေဖို့နဲ့ မြို့နယ် တစ်ခုနဲ့တစ်ခု အပြန်အလှန်ချစ်ကြည်ရင်း နှီးမှုရကာ ပူးပေါင်းဆောင်ရွက်လာနိုင်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။

ပြိုင်ပွဲပထမနေ့အဖြစ် ဆက်လက်ကျင်းပရာ အမျိုးသားအသင်း ပုသိမ်အသင်းနှင့် ဖျာပုံခရိုင် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိုးသမီးပွဲစဉ်တွင် ပုသိမ်အသင်းနှင့် ဇလွန်အသင်းတို့ ယှဉ်ပြိင်ခဲ့မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုးနှင့်ဇနီးနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ တိုင်းအဆင့်ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြသည်။


No comments:

Post a Comment