Saturday, December 18, 2021

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သံတွဲမြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစား ခန်းမအား ကြည့်ရှုစစ်ဆေး

 


 

နေပြည်တော်   ဒီဇင်ဘာ  ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဘောလုံးအားကစားကွင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားအရေအတွက်အတိုင်း ထပ်မံ ခန့်ထားပေးနိုင်ရေးနှင့် ရေရရှိနိုင်ရေးအတွက် ရေကန်တည်ဆောက်ပေးခြင်း၊ ရေတွင်းတူးပေး ခြင်း၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းမှုရှိစေရန်  မြက်ရိတ်စက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မီတာ (၄၀၀)ပြေးလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန် နှင့် ပွဲကြည့်စင်အား အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ ထားရှိနိုင်ရန် တာဝန်ရှိသူများအား  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး အားကစားခန်းမ သန့်ရှင်းသာယာလှပစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြည်သူများ အားကစားကို လွတ်လပ်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားရန်၊ မြို့နယ်အားကစားကွင်းအတွင်း Fitness Center (GYM) ခန်းမအသစ် တည်ဆောက် ပေးနိုင်ရန်နှင့် လိုအပ်သည့် အားကစားပစ္စည်းများ ထပ်မံဖြည့်စွက်ပံ့ပိုးဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment