နေပြည်တော်၊ ဒီဇင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တက္ကသိုလ်အစည်းအဝေးခန်းမတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က မြန်မာနိုင်ငံကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်
ဆောင်ရွက်မှုစီမံကိန်းနှင့်ပတ်သက် သည့် အခြေအနေ၊ နည်းပညာ လွှဲပြောင်းမှုအစီအစဉ်အရ ပြည်ပသို့ပညာတော်သင်များ
စေလွှတ်မှု အခြေအနေ၊ အနိမ့်ပျံဂြိုလ်တု အခြေစိုက်စခန်း တည်ဆောက်နေမှုနှင့် လုပ်ငန်းများ
ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်
ခေတ္တပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးသူက တက္ကသိုလ် စတင် ဖွင့်လှစ်ခဲ့မှုသမိုင်းကြောင်းနှင့်
ကျောင်းသား၊ကျောင်းသူများအား ပညာသင်ကြား ပေးမှု အခြေအနေ၊ တက္ကသိုလ် အဆောက်အဦများ တည်ဆောက်နေမှုအခြေအနေ၊
ဘာသာရပ် အလိုက် သင်တန်းများသင်ကြားပေးနေမှုနှင့် ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်နေမှု
အခြေအနေ၊ တက္ကသိုလ်ကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့် အလမ်းများ၊ နောင်အနာ ဂတ်တွင်
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တက္ကသိုလ်အနေဖြင့် ဆောင်ရွက်မည့်အစီ အစဉ်များ ကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဂြိုလ်တုလွှတ်တင် ဆောင်ရွက်မှုစီမံကိန်းအား
အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များပူးပေါင်းညှိနှိုင်း
ဆောင်ရွက်ရန်၊ လိုအပ်သည့် နည်းပညာများရရှိရေးအတွက် ပြည်ပသို့ ပညာတော် သင်များ စဉ်ဆက်မပြတ်စေလွှတ်နိုင်ရေး
ဆောင်ရွက်ရန်၊ အဆောက်အဦများ ဆောက်လုပ် ရာတွင် ရေရှည်အတွက် ကြိုတင်စဉ်းစား၍ စနစ်တကျဖြင့်ဆောင်ရွက်ရန်၊
သင်ကြားမှုနှင့်ပတ် သက်၍ ဆရာ၊ ဆရာမ များဖြည့်ဆည်းပေးနိုင်ရေး အတွက် သင်ကြား လျက်ရှိသည့်
ဘာသာရပ်များ နှင့်ကိုက်ညီသည့် ဆရာ၊ ဆရာမများကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ယခုတက္ကသိုလ်မှ
ဘွဲ့ရရှိခဲ့သူများကို ဦးစားပေးခန့်အပ်နိုင်ရေး ဆောင် ရွက်ရန်၊ ပညာသင်ကြား ရေးတွင် အရေအတွက်ထက်
အရည်အချင်းများ ပိုမိုတိုးတက် ပြည့်စုံပြီး လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးချနိုင်သည်အထိ
လေ့ကျင့် သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်နှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို
လည်း ပြည့်စုံစွာထား ရှိနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး နိုင်ငံတော်မှ ငွေကြေးအကုန်
အကျခံ၍ သင်ကြားပေးခဲ့သည့် ပညာရပ်များအား ပြည်တွင်း၌ အကျိုးရှိစွာဖြင့် လက်တွေ့ အသုံးချရန်လိုကြောင်း၊
တက္ကသိုလ်အတွင်းရှိ လမ်းများနှင့် အဆောက်အဦများအား ယခုထက်ပိုမိုတိုးတက် ကောင်းမွန်စေရေး
ပြန်လည်ပြုပြင် တည်ဆောက်ပေး သွားမည် ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့်ပတ်သက်၍ နည်းပြ ဆရာ၊
ဆရာမ များလိုအပ်မှု အတွက် တပ်မတော်မှကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိ သည်။
(သတင်းစဉ်)
No comments:
Post a Comment