နေပြည်တော်
ဒီဇင်ဘာ ၁၅
“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ
ဒေါက်တာသက်ခိုင်ဝင်းက နှစ်စဉ် မေ(၃၁)ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့”
အထိမ်းအမှတ် အခမ်း အနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေများကြောင့် ယနေ့မှ
ကျင်းပဆောင် ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခု (၂၀၂၁)ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့”
အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Commit To
Quit” ဖြစ်၍ မြန်မာဘာသာဖြင့် “ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့” ဖြစ်ပါကြောင်း၊
ယခုနှစ်ဆောင်ပုဒ်၏ ဦးတည်ချက်အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု ကြောင့်
ကျန်းမာရေးနှင့်လူမှုစီးပွားဆိုင်ရာ အခြေအနေဆိုးများကို ကြုံတွေ့လာရနိုင်သည့် အတွက်
အချိန်မလွန်ခင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကို ချက်ချင်းဖြတ်ရန် အတွက် တိုက်တွန်းလိုခြင်း
ဖြစ်ပါကြောင်း။
ကမ္ဘာတဝှမ်းတွင်
ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေ (၈) သန်းကျော်သည် နာတာရှည်ရောဂါမျိုးစုံ ဖြစ်ပွား၍ သက်တမ်းစေ့မနေရဘဲ
အချိန် မတိုင်မီ သေဆုံးကြလျက်ရှိ၍ ၎င်းတို့အနက် (၁ ဒသမ ၂)သန်းခန့်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို
တဆင့်ခံရှူရှိုက်ရသည့် အတွက် ကြောင့် ရောဂါများ
ဖြစ်ပွား သေဆုံးနေကြရပါကြောင်း၊ အလွယ်တကူ ကာကွယ်၍ ရနိုင်သည့် အကြောင်းများ ကြောင့် သေဆုံးရခြင်းများတွင် ဆေးလိပ်နဲ့
ဆေးရွက်ကြီးပစ္စည်းအမျိုးမျိုး သောက်သုံးခြင်းသည် “ထိပ်ဆုံး” တွင် ရှိနေပါ ကြောင်း အဆိုပါ အကြောင်းရင်းကြောင့် အရွယ်ရောက်သူ (၁၀)
ဦးတွင် တစ်ဦးသည် အသက် မသေသင့်ဘဲ သေဆုံးနေသည် တွေ့ရှိနေရပါကြောင်း။
မြန်မာနိုင်ငံ၌
ဆောင်ရွက်ခဲ့သော မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားစေသည့် အကြောင်း အရင်းများကို လေ့လာသည့်
စစ်တမ်းအရ ဆေးလိပ်သောက်သုံးမှုနှုန်း (၂၆ ရာခိုင်နှုန်း) ရှိပြီး ဆေးရွက်ကြီးနှင့်
ကွမ်းယာတွဲဖက်စားသုံးမှုနှုန်း (၄၃ ရာခိုင်နှုန်း) ရှိနေသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါကြောင်း၊
ထို့အတူ (၂၀၁၆) ခုနှစ်တွင် ပြုလုပ်သည့် Global Youth Tobacco Survey အရ အသက် (၁၃) နှစ်
မှ (၁၅) နှစ်အတွင်း ကျောင်းသားလူငယ်များတွင်
ဆေးလိပ် သောက်သုံးသူ (၁၁ ရာခိုင်နှုန်း) နှင့် ကွမ်းယာ၊ ဆေးရွက်ကြီး တွဲဖက်သုံးစွဲသူ
(၆ ရာခိုင်နှုန်း) ရှိသည်ကို သိရှိရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Framework Convention on Tobacco Control ကို (၁၁) နိုင်ငံမြောက်
အဖွဲ့ဝင်နိုင်ငံအဖြစ် (၂၀၀၃) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်
ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ”ကို (၂၀၀၆) ခုနှစ်၊ မေ (၄)ရက်တွင် ပြဌာန်းခဲ့ပါကြောင်း၊ မကြာသေးမီအချိန် (၂၀၂၁) ခုနှစ်
အောက်တိုဘာ (၁၂)ရက်တွင် “ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်း များကို စံသတ် မှတ်ချက်များနှင့်အညီ
ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေး ရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်း
ဆိုင်ရာအမိန့်” ကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊
စင်ကာပူနိုင်ငံ တို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယ မြောက် အကောင်အထည် ဖော်ဆောင်ရွက်သည့်
နိုင်ငံဖြစ်ပါကြောင်း။
ဆေးလိပ်နှင့်
ဆေးရွက်ကြီးအခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှု လျော့နည်းကျဆင်း လာမည်ဖြစ်ကာ ပြည်သူများ ခံစားရမည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး
ဆိုင်ရာပြဿနာများကို လျှော့ချနိုင်မည် ဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေ တိုးတက် စေသည့်အတွက်
ကျန်းမာရေး၊ လူမှုရေးနှင့် အားကစားမြှင့်တင်ရေး အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလာနိုင်မည်
ဖြစ်ပါကြောင်း၊ ယခု မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် (၆၇ ဒသမ ၄၂)နှစ်သာရှိပြီး
ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေး ကြောပိတ်ရောဂါ၊
လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါ များဖြစ်ပွားပြီး
အရွယ်မတိုင်မီ သေဆုံး နေရသည့်အတွက် အဓိကအကြောင်းရင်းဖြစ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး
သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း။
ဆေးလိပ်နှင့်
ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများတွင် အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်ပေး သည့်
ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု ၊ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း
သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုများ နှင့်အတူ နှီးနွယ်ဝန်ကြီးဌာနအားလုံးနှင့်
ပြည်သူလူထုတစ်ရပ်လုံးက အင်တိုက် အားတိုက် ပူးပေါင်း ပါဝင်၍ ပြည်သူ့ကျန်းမာရေးအတွက် နိုင်ငံတော်မှ ပြဌာန်း ထားသည့်
ဥပဒေ၊ စည်းကမ်း များကို အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းနှင့် ယခုနှစ်
ဆောင်ပုဒ်ဖြစ်သည့် “Commit To Quit” “ဆေးလိပ်၊
ကွမ်းယာ ဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့” ဟူသည့်အတိုင်း ပြည်သူများအနေဖြင့် ယနေစ၍ ဆေးလိပ်၊ ကွမ်းယာ ဖြတ်ကြပါဟု တိုက်တွန်းအပ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam
Khetral Singh ၏ (၂၀၂၁) ခုနှစ် ကမ္ဘာ့ ဆေးလိပ်မသောက် ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မြန်မာနိုင်ငံ ဒုတိယဌာနေ ကိုယ်စားလှယ် Dr. Fabio Mesquita က ဖတ်ကြားခြင်း၊
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာ သန်းစိန်မှ မြန်မာနိုင်ငံ ၏ ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဆိုင်ရာ အောင်မြင်မှုများနှင့်
ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို ဆွေးနွေးပြောကြားခြင်း ၊ The Union အဖွဲ့၏
ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာကို ဒေသ ဆိုင်ရာညွှန်ကြားရေးမှူး
Dr. Tara Singh Bam က ဖတ်ကြား ခြင်း၊ အရှေ့တောင်အာရှ ဆေးလိပ် နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး
မဟာမိတ် အဖွဲ့၏ (၂၀၂၁) ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို
Smoke Free Program Manager Dr. Domilyn
C. Villarreiz က ဖတ်ကြားခြင်း၊ နှင့် ကမ္ဘာ့ဆေးလိပ်မသောက်
ရေးနေ့ အထိမ်းအမှတ် မှတ်တမ်း ဗွီဒီယို ပြသခြင်းကို ဆောင်ရွက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လှည်ကြည့်ရှုသည်။
အဆိုပါအခမ်းအနားကို
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ နှီးနွယ်ဝန်ကြီးဌာနများ၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု အခြေအနေ အစီအရင်ခံစာ (၂၀၂၁) (Global Tobacco Epidemic Report 2021) အရ မြန်မာနိုင်ငံသည် လူမှုကွန်ရက် အပါ အဝင် မီဒီယာပေါင်းစုံ အသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှု လျှော့ချနိုင်ရေး အသိ ပညာမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် အမြင့်ဆုံး (၄၆) နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ
(၂၀၂၁) ခုနှစ် အောက်တိုဘာ (၁၂)ရက်တွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများကို
စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေး ရုပ်ပုံများ၊ စာသားများကို
ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန် ဆောင်ရွက်ခဲ့ရာ
၎င်းဆောင်ရွက်ချက်သည် အရှေ့တောင်အာရှဒေသတွင် ထိုင်းနိုင်ငံ ၊ စင်ကာပူနိုင်ငံတို့နှင့်အတူ
မြန်မာနိုင်ငံသည် တတိယမြောက် အကောင်အထည် ဖော်ဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment