Saturday, December 18, 2021

မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီး


နေပြည်တော် ဒီဇင်ဘာ ၁၇

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ ဖျက်ဆီးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင်းသွား ကားလမ်းဘေး၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက ဖျက်ဆီးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံစော်လှိုင်က မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ၏ အမှုဖြစ်စဉ် အကျဉ်းအား ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာ တွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း များအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲ သို့ သွန်ချဖျက်ဆီးကြသည်။

ယခုဖျက်ဆီးခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁၉၁၉၉ ဒသမ ၄ လီတာ၊ အက်စီတုန်း ၂၆၂၃၅ ဒသမ ၉ လီတာ၊ အီသိုင်းအက်စီတိတ် ၂၅၇၅၄ ဒသမ ၃၅ လီတာ၊ တော်လူအင်း ၃၆၇၉ ဒသမ ၄ လီတာ တို့ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၈၀၀ ကျော်ခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment