သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံအမတ်ကြီးH.E Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်
မှုအဖြစ် ဖွင့်လှစ် ထားသော မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ သင်ကြား သင်ယူမှု
ကိစ္စရပ်များ၊ အိုင်စီတီ နယ်ပယ်တွင် လူသားအရင်းအမြစ် ပြုစုပျိုး ထောင်ခြင်း များကို
ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေ၊ အိန္ဒိယနိုင်ငံရှိ India Institute
of Information Technology – Bangalore(IIIT-B) နှင့် တက္ကသိုလ် အချင်းချင်း ဆက်လက်
ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံအတွက် အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲ
စွမ်းအင်ကဏ္ဍနှင့် ဇီဝနည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ မန္တလေးနည်းပညာတက္ကသိုလ်တွင်
Remote Sensing ဌာနနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီး
ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment