ကန့်ဘလူ နိုဝင်ဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး G. I. S ရေးဆွဲနည်း သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်နေ့အထိ အဆိုပါရုံးအစည်းအဝေးခန်းမ၌ သင်ကြားပိူချလျက် ရှိကြောင်းသိရသည်။
၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ခရိုင်နှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး
တက်ရေးဦးစီးဌာန ရုံးများရှိ
ဝန်ထမ်းများအား မိမိတို့ခရိုင်/မြို့နယ်ဆိုင်ရာ မြေပြင်ပထဝီဝင် အချက်အလက်များကို
Google Earth အသုံးပြု၍
ကောက်ယူစုဆောင်းသိမ်းဆည်းနိုင်စေရန်နှင့်
မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏
အချက် အလက်များ ဘဏ္ဍာနှစ်အလိုက်ပြုစုထားရှိပြီး
အချိန်နှင့်တပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိစေနိုင်ရန် ရည်ရွယ်၍ QGIS
ရေးဆွဲနည်းသင်တန်းကို
ဖွင့်လှစ်သင် ကြားပေးခြင်းဖြစ်ကြောင်း
ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်မြင့်လွင်ဦးက ပြောသည်။
အဆိုပါသင်တန်းတွင် သင်ကြားပို့ချလျက်ရှိသည့်
ဘာသာရပ်များမှာ Software
Installation၊
Introduction to QGIS၊
Six
Parts of GIS၊
Geo-referencing
စသည့်ဘာသာရပ် ၁၄ မျိုးကို ၁၅ ရက်ကြာသင်ကြား ပို့ချလျက်ရှိပြီး သင်တန်းသား ၁၅ ဦးတက်ရောက်သင်ယူလျက်ရှိကြောင်း
ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
No comments:
Post a Comment