လက်ပံတန်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေ ဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ရသည့်
ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ
စာရေးဆရာ အောင်းသင်း၏ "ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းခြင်း" စာအုပ်ပါ အကြောင်းအရာများကို
စာပေ ချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြစ်သည့် ဦးမြင့်သိန်း(မြင့်သိန်း-ရွှေတောင်)Book
Club အသင်းဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးပြီး ဦးစောမြင့်က "မှားခဲ့သတဲ့၊ သူတို့မှားခဲ့ပုံ
(၁)(၂)" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်သန်းက "ဝလုံးကလေးဝိုင်းဝိုင်းရေး၊
ပုံဆိုးကြီးတဲ့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ညိုညိုတင့်က "အချောင်ရခဲ့သော
အကျင့် ကောင်းလေးများ၊ တကယ့်အမွေ(၁)(၂)" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်စမ်းစမ်းဝင်းက
"ရိုးသားမှု၊ ကိုယ့်ကိုယ်ပြဋ္ဌာန်းခြင်း၊ တာဝန်ယူစိတ်၊ မိဘပေးသောအမွေ၊ အချိုးအကွေ့"
ခေါင်းစဉ်ဖြင့်လည်းကောင်း. အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြ ကြောင်း
သိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)
No comments:
Post a Comment